ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကုမ္ပဏီတွေက အကြမ်းဖက်အုပ်စုကို ဒေါ်လာသန်းချီ အခွန်ဆောင်နေတာ ပြည်သူနဲ့ ပြည်တွင်းအဖွဲ့တွေ လူမှုကွန်ယက်ကနေ ပြစ်တင်ရှုံ့ချဖို့ လိုအပ်
ဇန်နဝါရီ ၁၄၊ ၂၀၂၂
ရေနံနဲ့သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေက မင်းအောင်လှိုင်ရဲ့အကြမ်းဖက်အုပ်စုကို ဒေါ်လာသန်းနဲ့ချီပြီး လစဉ် ရေနံ အခွန်ငွေတွေကို ဆက်ပေးနေတုန်းဖြစ်ပါတယ်လို့ Blood Money – သွေးစွန်းငွေ ဖေ့ဘွတ်ခ် စာမျက်နှာမှာ ဖော်ြပထားပါတယ်။
အကြမ်းဖက် စစ်အုပ်စုရဲ့ လူသားမျိုးနွယ်စု အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေ(Crimes Against Humanity)၊ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ (Atrocity Crimes)တွေ မှာ ပူးပေါင်ပါဝင်နေတာတွေ ရပ်တန့်ဖို့အတွက် ရေနံ ကုမ္ပဏီတွေကို မြန်မာပြည်သူလူထုတစ်ယောက်ချင်း၊ ပြည်တွင်းအဖွဲ့ တစ်ဖွဲ့ချင်း အနေနဲ့ Social Media ကနေတစ်ဆင့် ဖိအားပေး ပြစ်တင်ရှုံချဖို့လိုတယ်လို့ Blood Money – သွေးစွန်းငွေ က ပြောပါတယ်။
အခု အောက်မှာ ဖော်ပြထားတဲ့ လင့်ခ်ရဲ့ post အောက်တွေမှာ comment ပေး ပြောဆိုဖို့ကို သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အင်အားစုက အထူးတိုက်တွန်းပါတယ်။
Facebook https://fb.watch/asVXNxx2bY/
Twitter https://twitter.com/PPouyanne/status/1479949463460401155…
LinkedIn https://www.linkedin.com/…/patrickpouyanne_discover… TotalEnergies ဟာ UNရဲ့
စီးပွားရေးနဲ့ လူ့အခွင့်အရေးမူဝါဒကို လိုက်နာပါတယ် တာဝန်ယူမှုရှိတဲ့ စီးပွားရေးဖြစ်ကြောင်း ထုတ်ပြန် ပြောဆိုနေရင်းနဲ့ပဲ သံယဇာတပိုင်ရှင် မြန်မာပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို လျစ်လျူရှုပြီး ရာဇဝတ်ဂိုဏ်း စစ်အုပ်စု ထိန်းချုပ်ထားတဲ့ MOGE account တွေကို ငွေပေးချေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်လို့ သိရပါတယ်။
မင်းအေင်လှိုင်ရဲ့ အကြမ်းဖက်အုပ်စုက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေချိန်မှာပဲ ဒီကုမ္ပဏီတွေကလွှဲပြောင်းပေးချေနေတဲ့ငွေတွေနဲ့ လေယာဥ်အစင်း ၁၇ စင်းကိုဝယ်ယူခဲ့ပါသေးတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ရက်နေ့က မိတ္ထီလာလေတပ်စခန်းကို ဒီလေယာဥ်တွေရောက်ရှိခဲ့ပြီလို့ ယူကေအခြေစိုက် ဂျိမ်းကာကွယ်ရေးစာစောင်မှာ ဖော်ြပထားတယ်လို့ Blood Money – သွေးစွန်းငွေ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။
ပြည်သူတွေကို လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်နေတဲ့ လေယာဉ်ဆီတွေဟာလဲ MOGEကရတဲ့ နိုင်ငံခြားငွေနဲ့ တရားဝင် ဝယ်ယူခွင့်ရနေတာပါ။
BMC အနေနဲ့ TotalEnergies, Chevron, POSCO, PTTEP, Petronas ရေနံကုမ္ပဏီတွေကို စစ်အုပ်စုဆီ ငွေကြေးလွဲပြောင်းမှုတွေ ရပ်တန့်ဖို့ တောင်းဆိုထားသလို US နဲ့ ပြင်သစ် သမ္မတကိုလည်း MOGEကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူဖို့ တောင်းဆိုထားပြီး လူထုအသံနဲ့ အရှိန်မြင့်ဆက်လက် တောင်းဆိုသွားမယ်လို့ သိရပါတယ်။
#SpringRevolution
#PVTVNews
#PVTV ရဲ့ သတငျးမြားကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပထြားခှငြးအားဖှငြ့ ဖတရြှုနိုငပြှီဖှဈပါတယြ။