ရေစကြိုမြို့နယ်မှာ PDF ရဲဘော်တစ်ဦး အသေခံမိုင်းခွဲမှု ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်တပ်က သေဆုံးမှု များပြားခဲ့

ရေစကြိုမြို့နယ်မှာ PDF ရဲဘော်တစ်ဦး အသေခံမိုင်းခွဲမှု ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်တပ်က သေဆုံးမှု များပြားခဲ့
ဇူလိုင် ၁၃ ၊ ၂၀၂၂

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရဲဘော်က အသေခံမိုင်းခွဲမှုပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်တပ်က သေဆုံးမှုများပြားခဲ့တယ်လို့ Yesagyo Revolution Group – YRG က သတင်းထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ဇူလိုင် ၈ ရက်က ရေစကြိုမြို့နယ်နဲ့ မြိုင်မြို့နယ်ကြားမှာ စစ်ကြောင်းထိုးပြန်လာတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်က သဲတောကျေးရွာ ဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲထားစဉ် Yesagyo Revolution Group – YRG နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ရပ်ရွာကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တစ်ဦးက တပ်စွဲထားတာကို မသိဘဲ ဘုန်းကြီးကျောင်းရှေ့က ဖြတ်သွားမိရာ အကြမ်းဖက်စစ်တပ်ရဲ့ သေနတ်နဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရပါတယ်။

ပစ်ခတ်ခြင်းခံရလို့ လဲကျသွားတဲ့ ရဲဘော်ဖြစ်သူ လက်ပစ်မိုင်း သုံးလုံးနဲ့ အသေခံမိုင်းခွဲလိုက်တဲ့အတွက် အကြမ်းဖက်စစ် တပ်ဘက်က အများအပြား သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ဘက်က သေဆုံးတဲ့အလောင်းတွေကို မနက်ပိုင်းမှာ သယ်ဆောင်မှုပြုလုပ်ခဲ့သလို ဗုံးထိမှန်ပြီး ဒဏ် ရာရတဲ့ အကြမ်းဖက်စစ်တပ်သားအချို့လည်း ဆေးရုံးမှာ သေတဲ့သတင်းကို ဖရဲသီးတွေက တစ်ဆင့် အတည်ပြုလို့ရထား တယ်ဆိုပြီး Yesagyo Revolution Group – YRG ကထုတ်ပြန်ထားပါတယ်။

ကျဆုံးသွားတဲ့ ရပ်ရွာကာကွယ်ရေးအဖွဲ့ PDF ရဲဘော်ရဲ့ မိသားစုဝင်တွေ လုံခြုံရေးကြောင့် ရဲဘော်ရဲ့ ဓာတ်ပုံကို ထုတ်ပြန်မှာ မဟုတ်ဘူးလို့ ဆိုထားပြီး ကျဆုံးရဲဘော်ကို အလေးနီပြုပြီး ဂုဏ်ပြုတယ်လို့ Yesagyo Revolution Group – YRG ကပြောပါတယ်။

ဓာတ်ပုံ – Yesagyo Revolution Group – YRG (အသေခံမိုင်းခွဲ တိုက်ခိုက်ခဲ့သော PDF ရဲဘော် စီးနင်းခဲ့သော ဆိုင်ကယ်)
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.