ရေစကြိုမြို့နယ်က သစ်ကြီးတောရွာကို အကြမ်းဖက်စစ်တပ်က ထပ်မံမီးရှို့
ဇွန် ၂၉ ၊ ၂၀၂၂
မကွေးတိုင်း ရေစကြိုမြို့နယ် သစ်ကြီးတောရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က မနေ့က ဇွန်လ ၂၈ရက် ညပိုင်းမှာ ထပ်မံမီးရှို့ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ရေစကြိုမြို့နယ် သစ်ကြီးတောရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၀ရက်နေ့မှာ ပထမအကြိမ်မီးရှို့ခဲ့ပြီး အဲဒီတုန်းက နေအိမ် ၁၀၀ကျော်မီးလောင် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“အရင်တစ်ခါကအရှေ့ဘက်ခြမ်း တစ်ခြမ်းလုံးပေါ့။ အခုကတော့ အ နောက်ဘက်ခြမ်းက အိမ်တွေကို မနေ့က ရှို့နေတာ။ အိမ်ခြေ ဘ ယ်လောက်ဆိုတာတော့မသိရဘူး။ ပြည်သူတွေလည်း တစ်ယောက်မှ မရှိဘူး။ အရင်တစ်ခါ ဖြစ်ပြီး ပြန်ဝင်နေကြတာကို မနေ့က စစ်ကြောင်းက ပြန်ထိုးလာလို့ ရှောင်နေကြရတာ” လို့ ရေစကြို ဒေသခံက People’s Spring သတင်းဌာနကို ဖြေကြားထားပါတယ်။
ဇွန်လ ၉ရက်က ရေစကြိုနယ်က စစ်ကောင်စီရဲ့ ဆင်ဖြူရှင်တံတား ဂိတ်စခန်း ကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်တွေဟာ ရေစကြိုမြို့နယ်အတွင်း စစ်အင်အား အများအပြားနဲ့ စစ်ကြောင်းထိုးပြီး ရွာတွေကို မီးရှို့ဖျက်ဆီးတာ တွေ ပိုပြီး လုပ်ဆောင်ခဲ့ပါတယ်။ အခုအချိန်ထိ ရေစကြိုနယ် ရေလယ်ကျွန်းဒေသနဲ့ သစ်ကြီးတော ရွာအနီးမှာ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့ ဒေသခံက ပြောပါတယ်။
ဒါ့အပြင် ရေစကြိုမြို့မှာ မနေ့က စစ်ကား ၅စီးနဲ့ စစ်အင်အားတွေဖြည့်တင်း ထားတာရှိတယ်လို့လည်းဒေသခံက ပြောပါတယ်။ ဒါ့ကြောင့် ရေစကြိုမြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေဆက်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။