ရုရှားရဲ့ ယူကရိန်းအပေါ်တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက တွစ်တာမှာရေးသား
မတ် ၁ ၊ ၂၀၂၂
ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက တွစ်တာမှာ ရေးသားလိုက်ပါတယ်။
“ကုလသမဂ္ဂ ပဋိဉာဉ်နဲ့ နိုင်ငံတကာဥပဒေတွေကို ပျက်ပြားစေတဲ့ ယူကရိန်းနိုင်ငံအပေါ် တိုက်ခိုက်မှုတွေကို အမျိး သားညီညွတ်ရေးအစိုးရအနေနဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချတယ်။ တရားမျှတမှုမရှိတဲ့ ကျူးကျော်ဝင်ရောက်မှုဒဏ် ကိုခံနေရတဲ့ ယူကရိန်းပြည်သူတွေအတွက်လည်း ဆုမွန်ကောင်းတောင်းပေးနေပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ရေးသားခဲ့တာပါ။
ရုရှားနိုင်ငံက ဖေဖော်ဝါရီ ၂၄ ရက်က စတင်ပြီးတော့ ယူကရိန်းနိုင်ငံကို ကုလသမဂ္ဂပဋိဉာဉ်တွေချိုးဖောက်ပြီးတော့ ကျူးကျော်စစ်ကို ဆင်နွှဲနေတာလည်း ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလသုံးစွဲနေတဲ့ တွစ်တာအကောင့်က https://twitter.com/duwalas…/status/1497068290459725825… ဖြစ်ပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။