ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ကျားဖြူတပ်ခွဲ ၁ သတင်းထုတ်ပြန်


ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ကျားဖြူတပ်ခွဲ ၁ သတင်းထုတ်ပြန်
ဇန်နဝါရီ ၁၁ ၊ ၂၀၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အာရှလမ်းမဘေး မြို့ဟောင်းကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ကျားဖြူတပ်ခွဲ ၁ က ဗွီဒီယိုဖိုင်နဲ့အတူ ဒီနေ့သတင်းထုတ်‌ပြန်လိုက်ပါတယ်။

မြို့ဟောင်းကျေးရွာအနီးမှာ ကျားဖြူတပ်ခွဲ ၁ နဲ့ KNDO က အယ်ဆေးဝါးဦးဆောင်တဲ့ အဖွဲ့တို့နဲ့ အကြမ်း ဖက်စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်က အကျအဆုံးများခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။

အဲဒီလိုအကျအဆုံးများတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီဘက်က ရဟတ်ယာဉ် ၃ စီးနဲ့အတူ သာလွန် အင်အားတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်းနဲ့ ကျားဖြူတပ်ခွဲ ၁ အနေနဲ့ မကြောက်မရွံ့ နောက်မဆုတ်တမ်း နောက်ဆုံးကျည်တစ်တောင့်မကျန် ခုခံခြေမှုန်းခဲ့တယ်လို့ ဆိုပါတယ်။

ကျားဖြူတပ်ခွဲ ၁ ရဲ့ တပ်ခွဲမှူး စော်ဝင်းဇော်(ခ) ဗိုလ်ကျော်ဟိန်းက LAW M72 ROCKET ကိုအသုံးပြု ပြီး ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.