ရန်ကုန်လူငယ်တွေရဲ့ “ တော်လှန်ပုန်ကန်မယ့် ရန်ကုန် “ ဆန္ဒပြသပိတ်
ဖေဖော်ဝါရီ ၂၄ ၊ ၂၀၂၂
ရန်ကုန်မြို့ရဲ့ ဒီနေ့မနက်မှာတော့ Yangon Revolution Force – YRF (Soft Strike Community) လူငယ်တွေဦးစီးပြီး တော်လှန်ပုန်ကန်မယ့် ရန်ကုန်ဆိုတဲ့ စာတမ်းကို ကိုင်ဆွဲကာ ဆန္ဒပြ သပိတ်မှောက်ခဲ့ကြပါတယ်။
ဆန္ဒပြသပိတ်ကို ရန်ကုန်မြို ကမ္ဘာအေးလမ်းမပေါ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ဖက်ဆစ် အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေဟစ်ကြွေးခဲ့ကြပါတယ်။
လူငယ်တွေက စစ်အာဏာရှင်ကျဆုံးရေးနဲ့ Telenor Myanmarကုမ္ပဏီကို မြန်မာစစ်အုပ်စုလက်ဝေခံ ကုမ္ပဏီအားရောင်းချမယ့်အပေါ် Telenor Company ဘက်က ရပ်တန့်ပေးဖို့ အတွက်လည်း ဆန္ဒပြတောင်းဆိုခဲ့တာတွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။