ရန်ကုန်လူငယ်တွေက ဘာသာကြီးလေးခုအလိုက် ဆုတောင်းမှုတွေလုပ်ပြီး “အကြမ်းဖက် စစ်ဘီလူးမိစ္ဆာမင်း အောင်လှိုင် နှင်ထုတ်ပွဲ” ပြုလုပ်
မတ် ၁၇ ၊ ၂၀၂၂
ရန်ကုန်မြို့မှာရှိတဲ့ လူငယ်တွေစုပေါင်းပြီး ဘာသာကြီးလေးခုအလိုက် ဆု တောင်းမှုတွေ ပြုလုပ်ကာ လက်နက် အားကိုးနဲ့ ပြည်သူတွေကို အကြမ်းဖက် နှိပ်စက်ညှင်းပန်းနေတဲ့ စစ်မိစ္ဆာမင်းအောင်လှိုင်ကို နှင်ထုတ်ပွဲ ပြုလုပ်ခဲ့ ကြပါတယ်။
လူငယ်တွေက “အကြမ်းဖက် စစ်ဘီလူးမိစ္ဆာမင်း အောင်လှိုင် နှင်ထုတ်ပွဲ” ဆိုတဲ့ စာသားတွေချိတ်ဆွဲပြီး အစီရင် အရင်တွေပြုလုပ်ကာ နှင်ထုတ်ပွဲပြုလုပ်ခဲ့ကြသလို တိုင်းပြည်ကြီး အေးချမ်းပြီး ပြည်သူတွေ ဘေးကင်းဖို့အတွက် လည်း မေတ္တာပို့ဆုတောင်းခဲ့ကြပါတယ်။
အကြမ်းခေါင်းဆောင် မင်းအောင်လှိုင်ဦးစီးပြီး ပြုလုပ်နေတဲ့ ဗေဒင်ယတြာတွေက သူတို့ မိသားစုတွေ အာဏာတည်မြဲရေးအတွက်သာ ပြုလုပ်နေတာဖြစ်ပြီးတော့ တိုင်းပြည်နဲ့ ပြည်သူအပေါ် မေတ္တာထားစောင့်ရှောက် တာမရှိဘဲ ပြည်သူတွေကိုနည်းမျိုးစုံနဲ့ သတ်ဖြတ်ရေးသာ လုပ်ဆောင်နေတာလို့လည်း ဆိုပါတယ်။
ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြတဲ့သူတွေ့တော့ စစ်မိစ္ဆာကောင်တွေမျိုးဆက် နောက် ဆုံး ဖြစ်စေဖို့ အဓိဌာန်ပြု မေတ္တာ ပို့သခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။