ရန်ကုန်မှာ ၇၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ချီတက်ဆန္ဒပြ
ဇူလိူင် ၁၉ ၊ ၂၀၂၂
ရန်ကုန်မှာ (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် တော်လှန်လူငယ်တွေစုပေါင်းပြီး အကြမ်းဖက်စစ် အာဏာရှင်ဆန့ ရေး ချီတက်ဆန္ဒပြသပိတ်ကို ဒီနေ့မှာပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြလူငယ်တွေဟာ “လူမျိုးကြီးဝါဒ တိုက်ဖျက်ကြ အာဇာနည်ဟာ ကိုးဦးမက” စာသားပါ ဘန်နာကိုင်စွဲကာ အကြမ်းဖက်စစ်တပ်အလိုမရှိကြောင်း ကြွေးကြော်သံများနဲ့ ချီတက်ဆန္ဒပြခဲ့ကြတာပါ။
အဲ့ဒီလှုပ်ရှားမှုကို ဗမာပြည်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂများ အဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)နဲ့ North Dagon Oppressed People’s Strike Colition အဖွဲ့တို့ပူးပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြတော်လှန်ပြည်သူတွေဟာ ဆန္ဒပြလှုပ်ရှားမှုတွေကို အကြမ်းဖက်စစ်ကောင်စီတပ်များ လုံခြုံရေးတင်းကြပ် ထား ကြားထဲက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။