ရန်ကုန်မှာ တော်လှန်လူငယ်တွေက အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ပြုလုပ်
ဇူလိုင် ၆ ၊ ၂၀၂၂
ရန်ကုန်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လုံခြုံရေးတင်းကြပ်တဲ့ ကြားထဲက တော်လှန်လူငယ်တွေက အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြ တော်လှန်ပြည်သူတွေက “ဆဲဗင်းဂျူလိုင်စိတ်ဓာတ် ကိုင်စွဲ၊ တိုက်ပွဲအလီလီ ဆင်နွှဲ” စာသားကို ကိုင်ဆော င်ခဲ့ကြပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဟစ်ကြွေးမှုတွေကိုပြုလုပ် ခဲ့ကြတာပါ။
ဆန္ဒပြပွဲကို ဗကသများအဖွဲ့ချုပ်၀င် ကျောင်းသားသမဂ္ဂများနဲ့ မဟာမိတ်အဖွဲ့အစည်းများဖြစ်ကြတဲ့ Yangon’s Rebels Strike Commitee-YRSC ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ_DPNS ၊ လူ့ဘောင်သစ်လူငယ်YNS ၊ ပုဇွန်တောင်-ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ_PBYSCနဲ့ ထား၀ယ်မြို့နယ်အခြေခံပညာကျောင်းသားများ သမဂ္ဂ (ထ၀အကသ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
မနက်ဖန်ကျရောက်မယ့် 7 ဇူလိုင်ကျောင်းသားအရေးတော်ပုံနေ့ မရောက်ခင်မှာ တော်လှန်လူထုက ဆန္ဒပြပွဲတွေ တောက် လျှောက်ပြုလုပ်ပြီး အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်နေကြတာပါ။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။