ရန်ကုန်မှာ တော်လှန်လူငယ်တွေက “သေချိန်တန်ပြီ မင်းအောင်လှိုင်” ဆိုတဲ့စာသားကို ချိတ်ဆွဲပြီး ဆန္ဒပြလှုပ်ရှား မှုပြုလုပ်
ဇူလိုင် ၃ ၊ ၂၀၂၂
ရန်ကုန်မြို့မှာ တော်လှန်လူငယ်တွေ စုပြီးတော့ အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေးတင်းကြပ်နေတဲ့ ကြားကပဲ “သေချိန်တန်ပြီ မင်းအောင်လှိုင်” ဆိုတဲ့ စာသားကို ချိတ်ဆွဲပြီး ဆန္ဒပြလှုပ်ရှားမှုကို ဒီနေ့မှာပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြ လှုပ်ရှားမှုကို လူငယ်များသမဂ္ဂနဲ့ LGBT Union (Mandalay) တို့ ပူးပေါင်းလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးမှုတွေပြုလုပ်နေပေမယ့်လည်း တော်လှန်လူငယ်တွေက ရန်ကုန်မြို့ထဲမှာ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ ပြုလုပ်နေဆဲပါ။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။