ရန်ကုန်မှာ တော်လှန်ကျောင်းသားတွေက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒပြလှုပ်ရှားမှုပြုလုပ်
ဇူလိုင် ၂၁ ၊ ၂၀၂၂
ရန်ကုန်မြို့ တာမွေမြို့နယ်က တာမွေ အ.ထ.င ၂ ကျောင်းရှေ့မှာ တော်လှန်ကျောင်းသားတွေက စစ်ကျွန်ပညာရေး အလို မရှိကြောင်း ဆန္ဒပြလှုပ်ရှားမှုကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြ တော်လှန်ကျောင်းသားတွေက သွေးစွန်းနေတဲ့ ကျောင်းသားအင်္ကျီအဖြူပေါ်မှာ သွေးပေးနေတဲ့လက်ရာတွေနဲ့အတူ ‘ငါတို့က ဘာတွေလဲ .. ကျောင်းသား သူပုန်တွေ’ ဆို တဲ့ စာသားကို ချိတ်ဆွဲပြီး စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာပါ။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။