ရန်ကုန်မှာ တော်လှန်ကျောင်းသားလူငယ်တွေက အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြလှုပ်ရှားမှုပြုလုပ်
ဇူလိုင် ၇ ၊ ၂၀၂၂
ရန်ကုန်မြို့မှာ တော်လှန်ကျောင်းသားလူငယ်တွေစုပြီး ဒီနေ့ကျရောက်တဲ့ 7 July နေ့ ကျောင်းသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြလှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နဲ့ North Dagon Oppressed People’s Strike Colition (NDOPSC) တို့ပူးပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပြီးတော့ “ဆဲဗင်းဇူလိုင်စိတ်ဓာတ် ကိုင်စွဲတိုက်ပွဲဝင်ကြ၊ စစ်အာဏာရှင်စနစ်ကို ရရာနည်းနဲ့ အမြစ်ပြတ်ချေမှုန်းကြ” ဆိုတဲ့စာသားကို ကိုင်ဆွဲပြီး ဆန္ဒပြလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြ တာပါ။
#SpringRevolution
#PVTV
#TheArtOfRevolution
#Satire
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။