ရန်ကုန်မြို့မှာ တော်လှန်ပြည်သူတွေစုပြီး အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ပြုလုပ်
ဇူလိုင် ၁၆ ၊ ၂၀၂၂
ရန်ကုန်မြို့မှာ တော်လှန်ပြည်သူတွေ စုပြီးတော့ အကြမ်းဖက်စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ ကြပါတယ်။
ဆန္ဒပြ တော်လှန်ပြည်သူတွေက ” လူမျိုးကြီးဝါဒ တိုက်ဖျက်ကြ၊ အာဇာနည်ဟာ ကိုးဦးမက” ဆိုတဲ့ စာသား ကို ကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးမှုတွေနဲ့ ပြုလုပ်ခဲ့ကြတာပါ။
ဆန္ဒပြပွဲကို (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားသမဂ္ဂများ အဖွဲ့ချုပ်၀င် ကျောင်းသားသမဂ္ဂများ ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ၊ လူ့ဘောင်သစ်လူငယ်(YNS) ၊ ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ (YRSC) ၊ ပုဇွန်တောင်-ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ (PBYSC) ၊ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ နဲ့ တာမွေမြို့နယ်သပိတ်ကော်မတီတို့မှ ပူးပေါင်းပြီး ပြုလုပ်ခဲ့ကြတာပါ။
ဆန္ဒပြလှုပ်ရှားမှုကို အကြမ်းဖက်စစ်ကောင်စီတပ်တွေ လုံခြုံရေးတင်းကြပ်တဲ့ ကြားထဲက ပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။
ဓာတ်ပုံ – Assistance Association for Myanmar-based Independent Journalists
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။