ရန်ကုန်မြို့မှာ တော်လှန်လူငယ်တွေက လမ်းမပေါ်တက်ပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေးဆန္ဒပြ
ဇူလိုင် ၁ ၊ ၂၀၂၂
ရန်ကုန်မြို့မှာ တော်လှန်လူငယ်တွေစုပြီးတော့ ဒီနေ့မှာ အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြ ပါတယ်။
ဆန္ဒပြတော်လှန်လူငယ်တွေက ‘သူပုန်လာပြီဟေ့’ ဆိုတဲ့ စာသားကို ကိုင်ဆွဲထားသလို တူညီအင်္ကျီတွေနဲ့ အကြမ်းဖက်စစ် တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ပြုလုပ်ခဲ့ကြတာပါ
ဆန္ဒပြပွဲကို ဗမာ့လူငယ်ကွန်ရက်(ဗလက)က ဦးဆောင်ပြီး အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အ.က.လ-ဗဟို)၊ ရေဘဝဲ(ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း)၊LGBT Community Yangon နဲ့ တော်လှန်လူငယ်တွေ ပူးပေါင်းပြီး (Youth Scout For Democray-YSD)ရဲ့ ကင်းထောက်အကူအညီနဲ့ အင်တိုက်အားတိုက် ချီတက်ခဲ့ကြတာဖြစ်ပါတယ်။
ဓာတ်ပုံ- လူ့ငယ်ခေတ်
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။