ရန်ကုန်မြို့တနေရာမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)က မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” စာတန်းတွေချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
မတ် ၁၈၊ ၂၀၂၃
ဒီကနေ့ မတ်လ ၁၈ ရက်နေ့ ရန်ကုန်မြို့တနေရာမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)က”မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” စာတန်းတွေချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
“မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” စာသားက ပြည်သူ့အနုပညာရှင်တွေဖြစ်ကြတဲ့
ဒါရိုက်တာ ဏကြီး၊ပိုင်ဖြိုးသု၊အောင်မြင့်မြတ်တို့ ဦးဆောင်ပါဝင်ထားတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးဇာတ်ကားရဲ့အမည်ဖြစ်သလို အကြမ်းဖက်စစ်ကောင်စီအတွက် အနုပညာရာဇသံလည်းဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူလူထုရဲ့ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီချိူးဖောက်ခံရမှုတွေကို ကိုယ်ချင်းစာပြီး အခုအချိန်ထိပြည်သူလူထုနဲ့တသားထဲရပ်တည်နေတဲ့ ပြည်တွင်း၊ပြည်ပ၊လွတ်မြောက်ဒေသတွေမှာရှိတဲ့ အနုပညာရှင်၊အတတ်ပညာရှင်တွေက ပြည်သူလူထု (ပရိတ်သတ်တွေ) ရဲ့ချစ်ခြင်းမေတ္တာနဲ့ ရင်ထဲက သမိုင်းဝင်အကယ်ဒမီဆုအသီးသီးကို ရယူသိမ်းပိုက်ထားပြီးပြီဖြစ်သလို တော်လှန်ရေအင်အားစုတွေနဲ့ပြည်သူလူထုတရပ်လုံးကလဲ ပြည်သူ့အနုပညာရှင်၊အတတ်ပညာရှင်တွေနဲ့ အတူတူရှိနေပါကြောင်းသတင်းစကားပါးထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel –
https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။