ရန်ကုန်မြို့တစ်နေရာမှာ “အာဇာနည်စိတ်ဓာတ်နှင့် အာဏာရှင်အမြစ်ဖြတ်” ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြ
ဇူလိုင် ၁၇ ၊ ၂၀၂၂
ရန်ကုန်မြို့တစ်နေရာမှာ “အာဇာနည်စိတ်ဓာတ်နှင့် အာဏာရှင်အမြစ်ဖြတ်” ကြွေးကြော်သံတွေနဲ့ ရန်ကုန်မှ ကျောင်းသားလူငယ်တွေစုပေါင်းကာ ဇူလိုင်လ ၁၇ ရက် ကချီတက်ဆန္ဒပေသပိတ်မှောက်ခဲ့ကြပါတယ်။
အဲ့ဒီဆန္ဒပြပွဲကို Burmese Youth Revolutionary Force (BYRF) က ဦးဆောင်ပြီး Yangon Democrative Youths Strike (YDYS) ၊ မရမ်းကုန်းမြို့နယ် ကျောင်းသားများသမဂ္ဂ၊ ဗမာ့လူငယ်ကွန်ရက် (BYN)၊ အ.လ.က(၄) မရမ်းကုန်းကျောင်းသားများသမဂ္ဂနဲ့ မဟာမိတ်အဖွဲ့အစည်းများပူးပေါင်းပြီး ရန်ကုန်မြို့တစ်နေရာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြလူငယ်တွေဟာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားထဲက ဆန္ဒပြလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။