ရန်ကုန်မြန်မာပလာဇာတွင် စစ်တပ် ဆန့်ကျင်ရေး ဆန္ဒပြ လူငယ် ၂ ဦးကို ပလာဇာ လုံခြုံရေးဝ…

ရန်ကုန်မြန်မာပလာဇာတွင် စစ်တပ် ဆန့်ကျင်ရေး ဆန္ဒပြ လူငယ် ၂ ဦးကို ပလာဇာ လုံခြုံရေးဝန်ထမ်းများက ၀ိုင်းဝန်းထိုးကြိတ်ဖမ်း၊ လူငယ် ၂ ဦး ထွက်ပြေးလွတ်မြောက်လာ၊ မြန်မာပလာဇာကို Social Punishment လုပ်ရန် တောင်းဆို

ရန်ကုန်၊ နိုဝင်ဘာလ ၂၅

ရန်ကုန်မြို့၊ မြန်မာပလာဇာမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု ယနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပြီး ဆန္ဒပြကြတဲ့ လူငယ် ၂ ဦးကို ပလာဇာ လုံခြုံရေးဝန်ထမ်းတွေက ၀ိုင်းဝန်းထိုးကြိတ်ဖမ်းဆီးခဲ့ကာ လူငယ် ၂ ဦး ထွက်ပြေး လွတ်မြောက်လာကြောင်း သိရှိရပါတယ်။

ဒီနေ့ညနေပိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု မြန်မာပလာဇာအတွင်း လုပ်ဆောင်ခဲ့ကြကြောင်း၊ ဆန္ဒပြပွဲအပြီးမှာ လူငယ် ၂ ဦးကို ပလာဇာ လုံခြုံရေးဝန်ထမ်းတွေက ထိုးကြိတ် ဖမ်းဆီးခဲ့ကြကြောင်း၊ လူငယ် ၂ ယောက်အဖမ်းခံရပြီး လူငယ် ၂ယောက်
ထွက်ပြေးလွတ်မြောက်လာကြကြောင်း သိရပါတယ်။

ရန်ကုန်တော်လှန်ရေး လူငယ်တချို့က မြန်မာပလာဇာ လုံခြုံရေးဝန်ထမ်းတွေဟာ စစ်ကောင်စီအလိုကျ ဆန္ဒပြ လူငယ်တွေကို ရန်ရှာလာခြင်းအပေါ် ရှုတ်ချပြီး ပြည်သူတွေအနေနဲ့ မြန်မာပလာဇာကို Social Punishment လုပ်ကြဖို့တောင်းဆိုထားပါတယ်။

Credit – Khit Thit Media
Photo – CJ





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.