ရန်ကုန်တိုင်း စစ်ကိုင်းတိုင်း ချင်းပြည်နယ် အစုလိုက် သတ်ဖြတ်ခံရမှုနဲ့ ဖားကန့် မြို့တွင်း အင်တာနက် ဖြတ်တောက်မှု NUG လူ့အခွင့်ရေး ဝန်ကြီး နှစ်ပတ်တကြိမ်ထုတ်ပြန်ချက်
ဇန်နဝါရီ ၁၇၊ ၂၀၂၂
ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီက တာမွေ အရိုးကုန်းက ကိုလှမင်းသိန်း အသက် ၄၅ နှစ်ကို စစ်ကြောရေးမှာ သတ်ဖြတ်ခဲ့ပြီး တိုက်ကြီးမြို့နယ်မှာ ဧည့်စာရင်းဝင်စစ်ချိန် စိတ်ရောဂါသည် ဦးထိန်လင်းကို တံခါးမဖွင့်ပေးလို့ အကြမ်းဖက်စစ်ကောင်စီက သေနတ်နဲ့ ပစ်သတ် အလောင်းကို ယူသွားတယ်ခဲ့တယ်လို့ NUG လူ့အခွင့်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရွှေပြည်သာနဲ့ မြောက်ဥက္ကလာက ပြည်သူ ၄ ယောက်ကို ဇန်နဝါရီ ၆ ရက်နေ့မှာ စစ်ခုံရုံးက သေဒဏ်ချမှတ်တဲ့ အပြင် နောက်ထပ် ၉ ယောက်ကို တစ်သက်တစ်ကျွန်းနဲ့ နောက်ထပ် ၇ ယောက်ကို အလုပ်နဲ့ ထောင်ဒဏ် အနှစ် ၂၀ စီချမှတ်လိုက်တယ်လို့ သိရပါတယ်။
စိတ်ရောဂါသည် ဦးထိန်လင်းကို တံခါးမဖွင့်ပေးလို့ အကြမ်းဖက်စစ်ကောင်စီက သေနတ်နဲ့ ပစ်သတ် အလောင်းကို ယူသွားတယ်ခဲ့တယ်လို့ NUG လူ့အခွင့်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရွှေပြည်သာနဲ့ မြောက်ဥက္ကလာက ပြည်သူ ၄ ယောက်ကို ဇန်နဝါရီ ၆ ရက်နေ့မှာ စစ်ခုံရုံးက သေဒဏ်ချမှတ်တဲ့ အပြင် နောက်ထပ် ၉ ယောက်ကို တစ်သက်တစ်ကျွန်းနဲ့ နောက်ထပ် ၇ ယောက်ကို အလုပ်နဲ့ ထောင်ဒဏ် အနှစ် ၂၀ စီချမှတ်လိုက်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာလဲ အသက် မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် ပြည်သူအချို့ကို စစ်ကောင်စီက ဖမ်းဆီးပြီး အသက် ၆၀ အရွယ် ပြည်သူတယောက်ကို မီးရှို့သတ်ဖြတ်ခဲ့တယ်လိုု့ထုတ်ပြန်ချက်မှာပါရှိပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးထဲက ဇန်နဝါရီလ ၁၁ ရက်နေ့အထိ ပြည်သူ သတ်ဖြတ် ခံရမှုမှာ ၁၀၇ ယောက်အထိရှိလာကြောင်း ကလေးမြို့ပင်မသပိတ်က ထုတ်ပြန်ပါတယ်။
ချင်းပြည်နယ် မတူပီမှာ အကြမ်းဖက်စစ်ကောင်စီက ပြည်သူ ၁၁ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်သွားပြီး ၁၀ ယောက်ကို သတ်ဖြတ်ခဲ့ကြောင်းသိရပါတယ်။
နောက်ထပ် ဖားကန့်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရကျနေ့ထဲက ဖုန်းအင်တာနက်လိုင်းတွေဖြတ်တောက်ခံရပြီး မြို့နဲ့ဝေးတဲ့ ကျေးရွာတွေမှာ အချိန်ပိုင်းအင်တာနက် ပြန်ဖွင့်ပေးတာမျိုးရှိနေပါတယ်။
ကယားပြည်နယ် ဖရူဆိုမြို့မှာ အကြမ်းဖက် အာဏာသ်ိမ်းစစ်ကောင်စီက အရပ်သား ၃၅ ယောက် အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခဲ့ရပြီး ပျောက်ဆုံးနေသူ အရပ်သား ၄၂ ယောက်ရှိတဲ့အထဲ အမျိုးသား ၄၀ ယောက် နဲ့ အမျိုးသမီး ၂ ယောက်ပါဝင်ပြီး စစ်ကောင်စီ သတ်ဖြတ်ခံရမှုမှာ ဆက်စပ်နိုင်တယ်လို့ ထုတ်ပြန်ပါတယ်။
#SpringRevolution
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။