ရန်ကုန့ ပျံလွှားအောင် စစ်ဆင်ရေး ၅ ခု ပြုလုပ်နိုင်ခဲ့
ဇန်နဝါရီ ၁၆၊ ၂၀၂၂
ရန်ကုန်တိုင်းစစ်ဒေသ ကွပ်ကဲရေးအဖွဲ့ ပျံလွှားအောင်စစ်ဆင်းရေး ၅ ခု ဇန်နဝါရီ ၈ ကနေ ၁၆ ရက်နေ့အတွင်း အကြမ်းဖက်စစ်ကောင်စီအပေါ် စစ်ရေးအရ အရေးယူ တိုက်ခိုက်နိုင်ရေး တုန့်ပြန့်ဆောင်ရွက်ချက်ကို ထုတ်ပြန်လိုက်ပါတယ်။
ပျံလွှားအောင်စစ်ဆင်ရေးအရ ဇန်နဝါရီလ ၁၆ ရက်နေ့က အလုံ ဇန်နဝါရီလ ၁၄ ရက်နေ့က သုံးခွ မြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီကို တုန့်ပြန်တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။
ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တိုက်ကြီး ဇန်နဝါရီလ ၁၀ ရက်နေ့မှာ တွံတေး နဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ ဒဂုံမြို့သစ် အရှေ့ပိုင်း က EPC ရုံး မှာ ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သား တချို့ကို အဝေးထိန်းမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
#SpringRevolution
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။