ရက်ပေါင်း ၃၄၀ ရက်မြောက် ရွာပေါင်းစုံ သပိတ်
ဖေဖော်ဝါရီ ၁၃၊ ၂၀၂၂
စစ်ကိုင်းတိုင်း ယင်းမာပင် အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်း စစ်အာဏာရှင် ဆန့်ကျင်ရေး ရက်ပေါင်း ၃၄၀ မြောက်နေ့ သပိတ်ကို ဆန့်ကျင် ချီတက်ခဲ့ကြပါတယ်။
ဒီနေ့က လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၀၇) နှစ်ပြည့် မွေးနေ့ရက်မြတ်ပါပဲ လို့ ရွာပေါင်းစုံ သပိတ်က ဆိုပါတယ်။
ဒါ့အပြင် ဒီနေ့က မြန်မာနိုင်ငံရဲကလေးသူငယ်များနေ့လည်း ဖြစ်ပါတယ်။
နိုင်ငံရဲ့အနာဂတ်အတက် လူထုရဲ့တော်လှန်ရေးအပေါ်အားစိုက်မှုကို အရှိန်မြှင့်ရပါမယ်၊
ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလိုပါပဲ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံပဲ ဖြစ်ရမယ်၊နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး၊ လူထုတော်လှန်ရေးဖြစ်တာကြောင့် လူထုတစ်ရပ်လုံး ရုန်းထတော်လှန်ရပါမယ်၊
စိန်ခေါ်မှု အခက်အခဲ အကြပ်အတည်းတွေဟာ ညီညွတ်ခြင်းအားနဲ့သာ ထိုးခွဲနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် အဆုံးသတ်အထိ ညီညွတ်စွာနဲ့တော်လှန်တိုက်ပွဲဝင်ပေးကြပါ လို့ ရွာပေါင်းစုံ သပိတ်က တိုက်တွန်းထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။