ယူကရိန်းနိုင်ငံနဲ့ ပြည်သူတွေအပေါ် ဆင်နွဲနေတဲ့ စစ်ပွဲကို ရှုတ်ချတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာချက်ထုတ်ပြန်
ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၂
ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံနဲ့ ပြည်သူတွေအပေါ် ဆင်နွဲနေတဲ့ စစ်ပွဲကို ရှုတ်ချတယ်ဆိုပြီးတော့ အမျိုသားညီညွတ် ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ညမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ် ရေးအစိုးရက ယူကရိန်းနဲ့ ၎င်းရဲ့ပြည် သူတွေအပေါ် ဆင်နွှဲလာတဲ့ စစ်ပွဲကို ရှုတ်ချတယ်ဆိုတာနဲ့ ယင်းလုပ်ရပ်တွေက ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနဲ့ နိုင်ငံတကာဥပဒေတွေကို ထင်ရှားစွာ ချိုးဖောက်နေတာလို့ ဆိုပါတယ်။
ယူကရိန်းနိုင်ငံအပေါ် ကြောက်မက်ဖွယ်ရာ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေက လေကြောင်း၊ ကုန်းမြေနဲ့ ရေကြောင်းတို့က လုပ်ဆောင်နေပြီး အဆိုပါ တိုက် ခိုက်မှုတွေကြောင့် အသက်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပြီး ထောင်နဲ့ချီတဲ့ အရပ်သားတွေကို ၎င်းတို့ရဲ့ နေအိမ်တွေက စွန့်ခွာစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ယူကရိန်းရဲ့ နယ်နမိတ်တည်တံ့ခိုင်မြဲမှု၊ လွတ်လပ်မှုနဲ့ အချုပ်အခြာအာဏာတို့ကို လေးစားဖို့အတွက်လည်း အမျိုး သားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားတဲ့အထဲမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
အချုပ်အခြာပိုင် နိုင်ငံတခုကိုကျူးကျော်တာက ကုလသမဂ္ဂ ပဋိညာဥ်ပါ ပြဌာန်းချက်တွေကို ချိုးဖေါက်ခြင်းဖြစ်ပြီး (၂၁) ရာစု ကမ္ဘာအတွက် ကောင်းမွန်တဲ့ နမူနာတရပ်မဟုတ်ဘူးဆိုတာနဲ့ ကမ္ဘာငြိမ်းချမ်းရေး ၊ လုံခြုံရေးနဲ့ လူသား ဖွံ့ဖြိုးတိုးတက်မှုကို ကြီးစွာသော အဟန့်အတားဖြစ်စေတယ်ဆိုတာနဲ့ မြန်မာနိုင်ငံက ယူကရိန်းပြည်သူတွေနဲ့ စည်းလုံးညီညွတ်စွာ ရပ်တည်နေတယ်ဆိုပြီးတော့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။