ယိုင်နဲ့ ချိနဲ့နေပြီဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီကို အပြီးတိုင်ဖြိုလှဲချဖို့ အကောင်းဆုံးအချိန်ဖြစ်နေပြီလို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ဇူလိုင် ၁၇ . ၂၀၂၂
နွေဦးတော်လှန်ရေးမှာ သမိုင်းမှာထူးခြားတဲ့တော်လှန်ရေးဖြစ်ပြီးတော့ ယိုင်နဲ့ ချိနဲ့နေပြီဖြစ်တဲ့ အကြမ်းဖက် စစ်ကောင်စီကို အပြီးတိုင်ဖြိုလှဲချဖို့ အကောင်းဆုံးအချိန် ဖြစ်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည် ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇူလိုင် ၁၇ ရက်မှာပြုလုပ်တဲ့ Townhall Meeting မှာ ပြောကြား ခဲ့ပါတယ်။
“ ဒီလူအင်အား၊ ငွေအင်အားတွေဆိုတာလည်းအခုချိန်ထိအားမလျှော့ပဲတစ်စိုက်မတ်မတ် အားဖြည့်နေကြတဲ့ ပြည်သူတွေရဲ့အင်အားတွေပါပဲ။ဒီခရီးကြမ်းကိုဒီပြည်သူတွေရဲ့အားနဲ့ ဒီအခြေအနေထိရောက်လာပြီမို့ အဆုံးထိ အောင်မြင်အောင် ဆက်လုပ်ကြဖို့ပဲကျန်ပါတယ်။ ယိုင်နဲ့ ချိနဲ့နေပြီဖြစ်တဲ့ စစ်ကောင်စီကိုအပြီးတိုင်ဖြိုလှဲချဖို့ အခုချိန်ဟာအကောင်းဆုံးအချိန်ဖြစ်နေပါပြီ။ ကျွန်တော်အမြဲပြောခဲ့သလိုဒီတော်လှန်ရေးဟာ ကျွန်တော်တို့မြန်မာ နိုင်ငံသမိုင်းမှာမတူညီ၊ ကွဲပြားမှုတွေရှိနေတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊နေရာဒေသအသီးသီးကပြည်သူတွေစု စည်းမိတဲ့ ထူးထူးခြားခြားတော်လှန်ရေးဖြစ်ပါတယ်” လို့ ပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးအစိုးရတစ်ရပ်ရဲ့ တာဝန်ရော၊ မြေပြင်စီမံခန့်ခွဲမှုတွေလုပ် ဆောင်နေရတဲ့အစိုးရ တစ်ရပ်ရဲ့တာဝန်ရော၊ တာဝန်(၂)ရပ်လုံးအတွက် ရှိတဲ့လူအင်အား၊ ငွေအင်အားတွေနဲ့ ကြိုးစားပြီးစီမံခန့်ခွဲနေတယ်လို့လည်းပြည်ထောင်စုဝန်ကြီးချုပ်ကဆက်လက်ပြောပါတယ်။
“နှစ် (၇၀) တိုက်ပွဲအတွေ့အကြုံရှိခဲ့တဲ့ ဒီအကြမ်းဖက်စစ်တပ်ကိုတစ်နှစ်ပြည့်အောင်အတွေ့အကြုံမရှိသေးတဲ့ ကျွန်တော်တို့ရဲ့ PDF တွေဟာမဟာမိတ်များရဲ့အကူအညီနဲ့ အပြတ်အသတ်ချေမှုန်းနိုင်နေတာတွေကြည့်ရင် ဒီတော်လှန်ရေးအောင်မြင်မယ်ဆိုတာယုံမှားသံသယရှိစရာမလိုပါဘူး။ စစ်ကောင်စီရဲ့ တစ်ခုတည်းသောကယ် တင်ရာကတော့ လေကြောင်းပါပဲ။ ဒီလေကြောင်းရန်ကိုကာကွယ်ဟန့်တားနိုင်မယ့်နည်းလမ်းတွေကိုလည်း ကျွန်တော်တို့ အမြဲကြိုးပမ်းရှာဖွေနေပါတယ်။ နိုင်ငံတကာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးတဲ့အခါတိုင်းလည်း ထည့်သွင်းဆွေးနွေးပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားပါတယ်။
နွေဦးတော်လှန်ရေးဟာပြည်သူ့တော်လှန်ရေးဖြစ်တဲ့အားလျော်စွာ ၂၀၂၁ ဖေဖော်ဝါရီလကစလို့ ယနေ့အထိ ပြည် သူတွေအားလုံးတက်ညီလက်ညီနဲ့ရုန်းကန်လာကြတာ ၁ နှစ်နဲ့ ၅ လရှိသွားပြီဖြစ်ပြီး ပြည်သူ၊ ပြည်သားတွေ ရဲ့ ခိုင်မာတဲ့ဇွဲသတ္တိဟာ မှတ်ကျောက်တင်ရမယ့် ဇွဲသတ္တိမျိုးပဲဖြစ်ကြောင်း တော်လှန်ရေးစတင်ချိန်ကစလို့ စစ်ကျွန် ဘဝဘယ်တော့မှပြန်မသွားတော့ဘူးဆိုတဲ့ ခိုင်မာတဲ့စိတ်ဓါတ်တွေကလွဲပြီးဘာမှမရှိဘဲ တိုက်ပွဲဝင်ခဲ့ကြပြီးတော့ ဘယ်နိုင်ငံရဲ့ အထောက်အပံ့မှအခုချိန်ထိမရရှိပဲ“ငါတို့မှာငါတို့ပဲရှိတယ်” ဆိုတဲ့ စိတ်နဲ့ရုန်းကန်လာခဲ့ကြတာ လက် ရှိအ ချိန်မှာ စစ်ကောင်စီရဲ့ဘက်ပေါင်းစုံ ကသွေးပျက်နေတဲ့ အခြေအနေတွေကိုကြည့်ရင် တော်လှန်ရေးဘယ်အ နေ အထားရောက်နေပြီလဲဆိုတာကို ခန့်မှန်းနိုင်ကြလိမ့်မယ်ထင်တယ်လို့လည်းပြည်ထောင်စုဝန်ကြီးချုပ်ကပြော ကြးပါတယ်။
“ တစ်ရက်မြန်မြန်အဆုံးသတ်နိုင်လေပြည်သူတွေအတွက် တစ်ရက် ဒုက္ခတွေသက်သာလေမို့ ကျွန်တော်တို့အား လုံးစည်းစည်းလုံးလုံးနဲ့ပိုမိုကြိုးစားသွားကြမယ်လို့ ကတိပြုပါတယ်။စစ်အာဏာရှင်ကိုတွန်းလှန်ခဲ့တဲ့ ခေတ်အ ဆက် ဆက်ကျဆုံးသွားတဲ့ သူရဲကောင်းတွေနဲ့အတူအခုနွေဦးတော်လှန်ရေးမှာကျဆုံးသွားရတဲ့ သူရဲကောင်းတွေ ကိုအလေးပြုရင်းဒီတော်လှန်ရေးကိုအောင်မြင်သည်အထိပြည်သူတွေနဲ့အတူကြိုးပမ်းသွားပါမယ်” လို့ လည်း ပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားပါတယ်။
Townhall Meeting ဆွေးနွေးပွဲကို နှစ်ချိန်ပိုင်းပြီး ပြုလုပ်မှာဖြစ်ပြီးတော့ ပထမ ဆွေးနွေးပွဲကို ဇူလိုင် ၁၇ ရက် (တနင်္ဂနွေနေ့) မြန်မာစံတော် ချိန် နံနက် ၇ နာရီ ၃၀ မိနစ်မှာ ပြုလုပ်ခဲ့ပြီးတော့ ဆွေးနွေးပွဲ ဒုတိယပိုင်းကို ဇူလိုင် ၁၇ ရက် (တနင်္ဂနွေနေ့) မြန်မာစံတော်ချိန် ည ၈ နာရီ ၃၀ မိနစ် မှာပြုလုပ်မှာဖြစ်ပါတယ်။ အဲဒီအချိန်က ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ မြောက် အမေရိက ဒေသအတွက် ရည်ရွယ်ပြုလုပ်တာပါ။ ဆွေးနွေးပွဲကို PVTV ရဲ့ https://www.facebook.com/pvtvmyanmar/videos/568588034719216/ ကလည်းကြည့်ရှုနိုင်မှာဖြစ်ပါ တယ်။
(တက်ရောက်ရ မယ့် Zoom Link Topic: Public Meeting with NUG Leaders – Session 2 ၊ Time: Jul 17, 2022 08:30 PM Rangoon
Join Zoom Meeting ၊ https://us06web.zoom.us/j/87029075674 ၊ Meeting ID: 870 2907 5674 ၊ Passcode: 192757)
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။