ယင်းမာပင် ခရိုင်အတွင်း ကျေးရွာတစ်ရွာမှာ အမျိုးသားညီညွတ်ရေးအစိုးရက အတန်းတင်စာမေးပွဲ ပြုလုပ်
ဇူလိုင် ၉ ၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း ကျေးရွာတစ်ရွာမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက အတန်းတင်စာမေးပွဲကို ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။
မူလတန်းအထက်အဆင့်ကနေ အထက်တန်းအထိ စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြတာဖြစ်ပြီး ကျောင်းသားပေါင်း ၆၀၀ ခန့် အထိ စာမေးပွဲ ဖြေဆိုမှုကို ပြုလုပ်ခဲ့ကြတာပါ။
စာသင်ကြားမှုမှာလည်း ဆရာအင်အား ၅၅ ယောက်ခန့်က စေတနာ့ ဝန်ထမ်းအဖြစ်နဲ့ ပြုလုပ်ပေးနေတယ်လို့ ဖော်ပြထား သလို CDM ဝန်ထမ်း ၁၈ ဦးက ဦးဆောင်ပြီး ပညာသင်ကြားပေးနေတယ်လို့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။