ယင်းမာပင်၊ ဆားလင်းကြီးရွာပေါင်းစုံသပိတ်က (၆၂၇) ရက်မြောက်နေ့အဖြစ် အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ် ပြုလုပ်
နိုဝင်ဘာ ၂၈ ၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊ ယင်းမာပင်၊ ဆားလင်းကြီးရွာပေါင်းစုံသပိတ်က (၆၂၇ )ရက်မြောက်နေ့အဖြစ် အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ချင်းတွင်းမြစ်ကြောင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်သင်္ဘာတွေက ရမ်းသမ်းပစ်ခတ်မှုတွေလုပ်နေတဲ့ကြားကပဲ ဆန္ဒပြတော်လှန်ပြည်သူတွေက “တရားမဝင် အတုအယောင် ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” ဆိုတဲ့ စာသားတွေ ကိုင်ဆွဲပြီးတော့ အကြမ်းဖက် စစ်တပ် ဆန့်ကျင်ရေး ဟစ်ကြွေးမှုတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြတာပါ။
ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။