ယင်းမာပင်အသွား အင်းကြင်တောင်အနီးမှာ အကြမ်းဖက်စစ်တပ် ယာဉ်တန်း ၆ စီးကို မိုင်းဆွဲတိုက်ခိုက်
ဖေဖော်ဝါရီ ၂၁ ၊ ၂၀၂၂
ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက မနေ့က (ဖေဖော်ဝါရီ ၂၀ရက်) ၅၁ လမ်းဆုံကနေ ယင်းမာပင်ဘက်ကို အသွား၊ အင်းကြင်တောင်အနီးမှာ အကြမ်းဖက်စစ်တပ်ရဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ယာဉ်တန်း ၆ စီးမှာ အင်အားအပြည့်ပါတယ်လို့ ဆိုထားပြီး ပေပါမိုင်း ၃ လုံး၊ အန်စာတုံးမိုင်း ၃၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်က ကား ၃ စီးမှောက်ပြီး ၁ စီးမီး လောင်ခဲ့ပါတယ်။
ယင်းတိုက်ခိုက်မှုဖြစ်စဉ်ကို Yinmarbin Local PDF နဲ့ Triple Two၊ CGYDF ၊ MTOF ၊ ဆာလင်းကြီး တကိုယ်တော်သုဘရာဇာနဲ့ ညီနောင်မဟာမိတ်ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။