ယင်းမာပင်မှာ သပိတ်ကော်မတီတွေစုပြီး အင်အားအများအပြားနဲ့ အာဇာနည်နေ့ အထိမ်းအမှတ် အကြမ်းဖက်စစ် တပ်ကျရှုံးရေး သပိတ်ပြုလုပ်
ဇူလိုင် ၁၉ ၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ သပိတ်ကော်မတီတွေစုပေါင်းပြီးတော့ လူအင်အား အများအပြားနဲ့ ဒီနေ့ကျရောက် တဲ့ ၇၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြ ပါတယ်။
ဆန္ဒပြပွဲကို ယင်းမာပင်အနောက်ခြမ်း လူထုသပိတ်၊ ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်၊ မုံရွာတက္ကသိုလ် ကျောင်သားများသမဂ္ဂတို့ ပေါင်းပြီးပြီး ‘အာဇာနည်မျိုး သေရိုးမရှိ’ ၊ ‘အရှုံးမပေးသရွေ့ ငါတို့နိုင်တယ်’ ၊ ‘သွေကြွေးမှာ ဆွေးနွေးစရာမရှိ’ အစရှိတဲ့ စာသားတွေ ကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဟစ်ကြွေးမှုတွေနဲ့ ဆန္ဒပြ သပိတ်ကို ပြု လုပ်ခဲ့ကြပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။