ယင်းမာပင်မြောက်ခြမ်း ကျေးရွာတွေရဲ့ လူထုသပိတ်က အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ပြုလုပ်
မတ် ၁၈ ၊ ၂၀၂၃
ယင်းမာပင်မြို့နယ် မြောက်ခြမ်း ကျေးရွာတွေရဲ့ လူထုသပိတ်က အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ် ခဲ့ကြပါတယ်။
ဆန္ဒပြ တော်လှန်ပြည်သူတွေက အလံတွေကိုင်ဆွဲပြီး “လူထုအားကို အခြေပြု တပ်ပေါင်းစုကို ပုံဖော်” နဲ့ “PTT အကြမ်းဖက်စစ်တပ်ကို ကျည်ဆံဖိုးတွေ ပေးတာချက်ခြင်းရပ်” ဆိုတဲ့ စာသားတွေ ကို ကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဟစ်ကြွေးမှုတွေနဲ့ ပြုလုပ်ခဲ့ကြတာပါ။
ဒေသခံတော်လှန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားထဲကနေပဲအကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကိုနေ့ စဉ်ပြု လုပ်နေကြပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel –
https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန် ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။