ယင်းမာပင်မြို့နယ် မြောက်ခြမ်းက စစ်အာဏာရှင်ဆန့်ကျင်ရေး အာရုဏ်ဦးသပိတ်
ဖေဖော်ဝါရီ ၉ ၊ ၂၀၂၃
ယင်းမာပင်မြို့နယ် မြောက်ခြမ်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုက ဒီနေ့မှာ အကြမ်းဖက် စစ်တပ်ကျရှုံးရေးအဖြစ် အာရုဏ်ဦးသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြ တော်လှန်ပြည်သူတွေက “လူဖြစ်ခြင်းရဲ့ ပြည့်ဝတဲ့ အဓိပ္ပါယ် တို့တော်လှန်မှ ရလိမ့်မယ်” ဆိုတဲ့စာသားကိုကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဟစ်ကြွေးမှုတွေနဲ့ ချီ တက်ဆန္ဒပြ လှည့်လည်ခဲ့ကြ တာပါ။
ဆန္ဒပြတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြု လုပ်နေတာပါ။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel –
https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။