ယင်းမာပင်မြို့နယ်မှာ သပိတ်စစ်ကြောင်းတွေပူးပေါင်းပြီး 7 July နေ့ အထိမ်းအမှတ် ဆန္ဒပြသပိတ်ပြုလုပ်
ဇူလိုင် ၇ ၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရဲ့ သမိုင်းဝင် ဖိုလ်ဝင်တောင်မုခ်ဦးမှာ ဒီနေ့ကျရောက်တဲ့ 7 July နေ့ အထိမ်းအမှတ်အ ဖြစ် အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြသပိတ်ကို ယင်းမာပင်မြို့နယ်အတွင်းက သပိတ်စစ်ကြောင်းတွေ ပူးပေါင်းချီတက်ခဲ့ကြတာဖြစ်ပြီး မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ အမျိုးသမီးမဟာ မိတ်အင်အားစု(WAB)၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း၊ လက်ပံတောင်းတောင် ဒေသသပိတ်စစ်ကြောင်း၊ လက်ပံတောင်းဒေသ ကျေးရွာသပိတ်စစ်ကြောင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း၊ သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း၊ ဆားလင်းကြီးမြို့နယ် ကျေးရွာသပိတ်စစ်ကြောင်း၊ ကယ်တင်ရှင်မရှာ တို့ကျေးရွာ သပိတ်စစ်ကြောင်း၊ ရုန်းထတော်လှန် ရွာငယ့်အားမာန် သပိတ်စစ်ကြောင်း ၊အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း၊ ရွှေဥက္ကံသပိတ်စစ်ကြောင်းတို့ ပူးပေါင်း ချီတက်ခဲ့ကြတာပါ။
ဆန္ဒပြ ပြည်သူတွေက ‘7 July စိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ’ ဆိုတဲ့စာသားကို ကိုင်ဆွဲပြီး ချီတက်ဆန္ဒပြခဲ့ကြတာပါ။
#SpringRevolution
#PVTV
#TheArtOfRevolution
#Satire
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။