ယင်းမာပင်မြို့နယ်မှာ ရွှေနွယ်သွေး သပိတ်စစ်ကြောင်းက အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ပြုလုပ်
ဇူလိုင် ၁၃ ၊ ၂၀၂၂
ယင်းမာပင်မြို့နယ်၊ ရွှေနွယ်သွေး သပိတ်စစ်ကြောင်းကလည်း ၄၃၈ ရက်မြောက်အဖြစ်နဲ့ အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြ သပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြ ပြည်သူတွေက ‘သွေးမအေးတဲ့ ရွှေနွယ်သွေး’ ဆိုတဲ့ စာသားကို ကိုင်ဆောင်ပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဟစ်ကြွေးမှုတွေနဲ့ ချီတက်ဆန္ဒပြ လှည့်လည်ခဲ့ကြတာပါ။
သပိတ်စစ်ကြောင်း ဦးဆောင်သူတွေက လူထုကြားမှာ တော်လှန်စိတ်တွေ မအေးသွားဖို့အတွက် လူထုသပိတ်တွေက အရေးကြီးတယ်ဆိုတာနဲ့ လူထုသပိတ်တွေကို လူထုအင်အား ကောင်းကောင်းနဲ့ ဆက်လက်နင်းလျှောက်ပေးကြဖို့အ တွက်လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။