ယင်းမာပင်မြို့နယ်ထဲမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပျူတွေကို LPDF မဟာမိတ်တွေစုပြီး အဝေးပစ် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်


ယင်းမာပင်မြို့နယ်ထဲမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပျူတွေကို LPDF မဟာမိတ်တွေစုပြီး အဝေးပစ် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်
ဇူလိုင် ၂၀ ၊ ၂၀၂၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာ(မ)မှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပျူတွေကို ဇူလိုင် ၁၉ ရက် ညနေ ၆ နာရီဝန်းကျင်ခန့်အချိန်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (LPDF) မဟာမိတ်တွေစုပြီးတော့ အဝေးပစ်လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြတယ်လို့ Chindwin Tiger Force က သတင်းထုတ်ပြန်ပါတယ်။

‘စစ်ခွေးများဘက်က အသေအပျောက် များနိုင်တယ် လက်နက်တွေနဲ့ ပြန်ပြစ်တယ်။ ခနအကြာမှာ Drone လွှတ်တယ် မဟာမိတ်ရဲဘော်များ အထိခိုက်အကျရှုံးမရှိအောင်မြင်စွာဆုက်ခွာနိုင်ခဲ့တယ်။ အာဏာရှင်နဲ့ စစ်ခွေးတသိုက်ကို တော်လှန်ကြတဲ့ နေရာမာ မိဘပြည်သူတွေအနေနဲ့ တက်ညီ လက်ညီ ဝိုင်းဝန်းပြိးပါဝင်ပေးဖို့ ထောက်ပံ့နိုင်သူတွေကလည်း ထောက်ပံ့ပေးကြပြီး တော်လှန်ရေးကြီး အောင်ပြီး ကျနော်တို့ လိုချင်တဲ့ federal Democracy ရတဲ့အထိ အစွမ်းကုန်တိုက်ပွဲဝင်ပါ့မယ်’ လို့ Chindwin Tiger Force ရဲ့ တာဝန်ရှိသူကပြောပါတယ်။

တိုက်ခိုက်မှုကို မဟာမိတ်တပ်တွေဖြစ်တဲ့ Chindwin Tiger Force မှ ရဲဘော်တွေ၊ NGH (Next Generation Hope) ဒေါင်းလုလင် LPDF မှ ရဲဘော်တွေနဲ့ ကျန်ဒေသတွင်း မဟာမိတ်အဖွဲ့ဝင်တွေ ပူးပေါင်းပြီး တိုက်ပွဲကိုသွားရောက်တာနဲ့ အဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်တာတွေကို လုပ်ဆောင်ခဲ့ကြတာပါ။

#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.