ယင်းမာပင်နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်လို့ ဘုန်းကြီးကျောင်းမှာ ရှောင်နေ တဲ့ ကလေးငယ် ၁ဦးနဲ့ အဘိုးအဘွား ၃ဦးသေဆုံး

ယင်းမာပင်နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်လို့ ဘုန်းကြီးကျောင်းမှာ ရှောင်နေ တဲ့ ကလေးငယ် ၁ဦးနဲ့ အဘိုးအဘွား ၃ဦးသေဆုံး
မတ် ၈ ၊ ၂၀၂၂

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ကျေးရွာတွေကို ဝင်ရောက်စီးနင်းနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ လက်ပံတောရွာဘုန်းကြီးကျောင်းမှာ ရှောင်နေတဲ့ ငါးနှစ်အရွယ် ကလေးငယ် ၁ဦးနဲ့ အဘိုး အဘွား ၃ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကန်သာရွာက အဘိုးနှစ်ဦးလည်း စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက် နက်ကြီးကျည်ထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ယင်းမာပင်မြို့နယ် ကန်သာရွာနဲ့ လက်ပံတောရွာမှာ တပ်စွဲထားတဲ့ အကြမ်း ဖက် စစ်ကောင်စီတပ်တွေက မတ်လ ၈ရက် နေ့လည်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ လက်ပံတော ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေတဲ့ ဒေါ်တင်ညွန့်၊ ဦးသန်းမောင်၊ ဒေါ်သန်းလှနဲ့ ၅နှစ်အရွယ် မောင်မြတ်ဘုန်းနိုင်တို့ ပွဲချင်းပြီး သေဆုံးခဲ့တာလို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်တွေ အဲဒီဒေသကို ဝင်ရောက်လာလို့ စည်လှောင်၊ ကန်သာ၊ လက်ပံတော ရွာတွေ အပါအဝင် အနီးဝန်းကျင်က ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ ကန်သာရွာသူတစ်ဦးက ပြောပါတယ်။

“‌ လက်ပံတော ဘုန်းကြီးကျောင်းထဲမှာ ခိုလှုံဖို့ ပြေးတဲ့အပြေးကို လက်နက် ကြီးနဲ့ လှမ်းထုတော့ အဲဒီထဲတင် လက်နက်ကြီး ကျပြီးထိသွားတာ။ ကံသာက ခါးထိတာ နှစ်ယောက် အဘိုးကြီးနှစ်ယောက် စိုးရိမ်ရတယ်လို့ပြောတယ်။” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က အဲဒီဒေသကို နယ်မြေစိုးမိုးလို၍ မြေပြင်ကနေစစ်ကြောင်း ထိုးနေပြီး လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတာလို့လည်း သူမက ဆိုပါတယ်။

“ဘုန်းကြီးကျောင်းထဲမှာပဲ ပြည်သူတွေက ပုန်းနေကြတာ။ဘုန်းကြီးကျောင်းထဲမှာ လူရှိမှန်းသိလို့ လှမ်းထုတဲ့ သဘောလည်းပါမယ်ထင်ပါတယ်။ ” ဟု ဒေသခံအမျိုးသမီးက ပြောသည်။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီလအတွင်းကလည်း ယင်းမာပင်မြို့နယ်က ချင်းပုန်းကျေးရွာသို့ ရဟတ်ယာဉ်များအသုံးပြု စီးနင်းတိုက်ခိုက်ခဲ့ပြီး ဒေသခံ ပြည်သူ ၁၁ဦးထက်မနည်းကို သတ်ဖြတ်ပြီးတေ့ နေအိမ်၊ ကား၊ ဆိုင်ကယ် စတဲ့ ဒေသခံတွေပိုင်တဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.