ယင်းမာပင်ခရိုင်ရဲ့ ရွာပေါင်းစုံ သပိတ်ကလည်း ၄၉၇ ရက်မြောက်အဖြစ် အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ် ပြုလုပ်
ဇူလိုင် ၂၁ ၊ ၂၀၂၂
ယင်းမာပင်ခရိုင်ရဲ့ ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနဲ့ ယင်းမာပင်မြို့ နယ် အရှေ့ခြမ်း ပူးပေါင်းထားတဲ့ ရွားပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း အကြမ်းဖက်စစ်တပ်ကျရှုံးရေးအဖြစ် ၄၉၇ ရက်မြောက် ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြ ပါတယ်။
ဆန္ဒပြ ပြည်သူတွေက ‘ လူထုတိုက်ပွဲ အရှိန်မြင့်ကြ ဘုံရန်သူကို ချေမှုန်းကြ’ ဆိုတဲ့ စားသားတွေ ကိုင်ဆွဲပြီး ချီတက် ဆန္ဒပြခဲ့ကြတာပါ။
‘အာဏာရှင်ကတော့ သူ့အာဏာတည်မြဲရေးအတွက် ဘာမဆို လုပ်ဖို့တွန့်ဆုတ်မနေဘဲ စိုက်လိုက်မတ်တပ် အစဥ်တစိုက် ယုတ်မာရက်စက်နေတဲ့အချိန်မှာ ကျနော်တို့လူထုတရပ်လုံး ရန်သူတွန်းပို့နေတဲ့ အကြောက်တရား ဝါဒမှိုင်းတွေအောက်တွေကနေ ရုန်းကန်ပြီး အဆုံးသတ်အောင်ပွဲ မရောက်မချင်းသက်လုံကောင်းကောင်းနဲ့တော်လှန်ပေးကြပါ’ လို့ သပိတ်ဦးဆောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
ဆန္ဒပြပွဲတွေကို နယ်မြေ မငြိမ်သက်မှုကြားထဲကပဲ တော်လှန်ပြည်သူတွေက နေ့စဉ်လုပ် ဆောင်နေကြတာ လည်းဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။