ယင်းမာပင်ခရိုင်ရဲ့ ရွာပေါင်းစုံ သပိတ်ကလည်း ၄၈၈ ရက်မြောက်အဖြစ် အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ် ပြုလုပ်
ဇူလိုင် ၁၂ ၊ ၂၀၂၂
ယင်းမာပင်ခရိုင်ရဲ့ ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနဲ့ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း ပူးပေါင်းထားတဲ့ ရွားပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း အကြမ်းဖက်စစ်တပ်ကျရှုံးရေးအဖြစ် ၄၈၈ ရက်မြောက် ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြ ပါတယ်။
ဆန္ဒပြ ပြည်သူတွေက ‘ညီညွတ်မှ ပြည်သစ်ရမယ်’ ဆိုတဲ့ စားသားတွေ ကိုင်ဆွဲပြီး ချီတက် ဆန္ဒပြခဲ့ကြတာပါ။
‘လူထုတရပ်လုံးဟာ တော်လှန်ရေး သမားအဖြစ်ခံယူပြီးအာဏာရှင်စနစ်နဲ့အာဏာရှင်အမူအကျင့်မှန်သမျှအမြစ်ဖြတ်ပြီး မျှော်ရည်တဲ့ အနာဂတ်အတွက်တက်ညီလက်ညီ ရုန်းထဖို့ အချိန်တန်နေပါပြီ။’ လို့ ဆန္ဒပြသပိတ် ဦးဆောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
ဒီလိုဆန္ဒပြခဲ့တာဟာ နယ်မြေမငြိမ်သက်မှုတွေကြားထဲကနေ အကြမ်းဖက်စစ်တပ်ကျရှုံးရေး ချီတက်ဆန္ဒပြခဲ့ကြတာ လည်းဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။