ယင်းမာပင်ခရိုင်ရဲ့ ရွာပေါင်းစုံ သပိတ်ကလည်း ၄၇၈ ရက်မြောက်အဖြစ် အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ် ပြုလုပ်
ဇူလိုင် ၂ ၊ ၂၀၂၂
ယင်းမာပင်ခရိုင်ရဲ့ ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနဲ့ ယင်းမာပင်မြို့ နယ် အရှေ့ခြမ်း ပူးပေါင်းထားတဲ့ ရွားပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း အကြမ်းဖက်စစ်တပ်ကျရှုံးရေးအဖြစ် ၄၇၈ ရက်မြောက် ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြ ပါတယ်။
ဆန္ဒပြ ပြည်သူတွေက ‘မင်းတို့စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူး မထောက်ဘူး’ ဆိုတဲ့ စားသားတွေ ကိုင်ဆွဲပြီး ချီတက် ဆန္ဒပြခဲ့ကြတာပါ။
‘တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ လူထုရဲ့တော်လှန်ရေး သက်လုံ ပိုကောင်လာဖို့အရေးကြီးလာပါပြီ။ လူထုရဲ့ တော်လှန်ရေး သက်လုံကောင်းလာဖို့က လူထုရဲ့တော်လှန်ရေးအသိလူထုရဲ့နိုင်ငံရေးအသိနဲ့ လူထုရဲ့စစ်ရေးအသိတို့ပါ ပိုပြီး ကျယ်ပြန့်စွာသိဖို့ အ ထူးလိုအပ်လျက်ရှိပါတယ်။ ရန်သူက ရန်ငါပြတ်နေတဲ့အခါ ကျနော်တို့တော်လှန်ရေး အင်အားစု အချင်းချင်းကလည်းပိုညီညွတ်ပြီး ဘုံရန်သူကိုသာ ဦးတည်တိုက်ခိုက်ကြဖို့ အထူးအရေးကြီးပါတယ်။’ လို့ ဆန္ဒပြသပိတ် ဦးဆောင်သူတစ်ဦးက ပြောပါတယ်။
ဒီလိုဆန္ဒပြခဲ့တာဟာ နယ်မြေမငြိမ်သက်မှုတွေကြားထဲကနေ အကြမ်းဖက်စစ်တပ်ကျရှုံးရေး ချီတက်ဆန္ဒပြခဲ့ကြတာ လည်းဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။