ယင်းမာပင်ခရိုင်ရဲ့ ရွာပေါင်းစုံ သပိတ်ကလည်း ၄၇၆ ရက်မြောက်အဖြစ် အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ် ပြုလုပ်
ဇွန် ၃၀ ၊ ၂၀၂၂
ယင်းမာပင်ခရိုင်ရဲ့ ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနဲ့ ယင်းမာပင်မြို့ နယ် အရှေ့ခြမ်း ပူးပေါင်းထားတဲ့ ရွားပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း အကြမ်းဖက်စစ်တပ်ကျရှုံးရေးအဖြစ် ၄၇၆ ရက်မြောက် ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြ ပါတယ်။
ဆန္ဒပြ ပြည်သူတွေက ‘လူထုတိုက်ပွဲ အရှိန်မြင့်ကြ’ ဆိုတဲ့ စားသားတွေ ကိုင်ဆွဲပြီး ချီတက် ဆန္ဒပြခဲ့ကြတာပါ။
‘ကျနော်တို့ လူထုတရပ်လုံးလူထုတိုက်ပွဲအရှိန်မြှင့်ကြပြီး ဘုံရန်သူကို ချေမှုန်းကြဖို့ပဲအဓိ က ဖြစ်ပါတယ်။ လူထုတိုက်ပွဲ ဆိုတဲ့နေရာမှာ လူထုသပိတ်တွေ ဆက်အရှိန်မြှင့်ရမယ်CDM တွေကို ကူညီထောက်ပံ့ကြမယ်။ လက်နက်ကိုင်တော်လှန်ရေးအင်းအားစုတွေအနေနဲ့ စုဖွဲ့မှု ပိုကျစ်လစ်ရမယ်၊စစ် ရေးအသိ ပိုကျယ်ပြန့်စွာ သိဖို့ လိုအပ်တယ်၊ညီညွတ်ရေးကို အထူးတည်ဆောက်ရမယ်။ စစ်ကောင်စီ ဝင်ငွေရလမ်းမှန်သမျှ ဖြတ်တောက်ကြရမယ်သံတမန်နည်းလမ်းအရလည်း အသာစီးရဖို့ စတဲ့လူထုတိုက်ပွဲတွေကို အရှိန်မြှင့်ကြရမယ်။’ လို့ ဆန္ဒပြသပိတ် ဦးဆောင်သူတစ်ဦးက ပြောပါတယ်။
ဒီလိုဆန္ဒပြခဲ့တာဟာ နယ်မြေမငြိမ်သက်မှုတွေကြားထဲကနေ အကြမ်းဖက်စစ်တပ်ကျရှုံးရေး ချီတက်ဆန္ဒပြခဲ့ကြတာ လည်းဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။