ယင်းမာပင်ခရိုင်ရဲ့ ရွာပေါင်းစုံ သပိတ်ကလည်း ၄၇၃ ရက်မြောက်အဖြစ် အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ပြုလုပ်
ဇွန် ၂၇ ၊ ၂၀၂၂
ယင်းမာပင်ခရိုင်ရဲ့ ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနဲ့ ယင်းမာပင်မြို့ နယ် အရှေ့ခြမ်း ပူးပေါင်းထားတဲ့ ရွားပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း အကြမ်းဖက်စစ်တပ်ကျရှုံးရေးအဖြစ် ၄၇၃ ရက်မြောက် ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါ တယ်။
ဆန္ဒပြ ပြည်သူတွေက ‘မင်းတို့ စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး’ ဆိုတဲ့ စားသားတွေ ကိုင်ဆွဲပြီး ချီတက် ဆန္ဒပြခဲ့ကြတာပါ။
ဒါအပြင် ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်မှာ အကြမ်းဖက်စစ်တပ်က ရွာပေါင်းစုံသပိတ်ကို ပစ်ခတ်ဖြိုခွင်း ရာ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်း ညီငယ်ချမ်းမြေ့ကျော်ရဲ့ ကျဆုံးခြင်း ၁၅ လ ပြည့်အဖြစ် ဂုဏ်ပြုခဲ့ကြသလို မကြာ ခင် ရက်ပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့ အာဇာနည်သူရဲကောင်း နှစ်ဦးကိုလည်း ဂုဏ်ပြုမှု တွေ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြသပိတ်မှာ ပါဝင်ခဲ့သူတစ်ဦးက ‘အသက်တွေ ဘဝတွေ ပေးသွားကြသူတွေ အတွက် ကျန်ရစ်သူများ ဆက်လက် တိုက်ပွဲဝင်ပေးကြဖို့ အထူးလိုအပ်နေပါပြီ။’ လို့ ပြောကြားခဲ့ပါတယ်။
ဒီလိုဆန္ဒပြခဲ့တာဟာ နယ်မြေမငြိမ်သက်မှုတွေကြားထဲကနေ အကြမ်းဖက်စစ်တပ်ကျရှုံးရေး ချီတက်ဆန္ဒပြခဲ့ကြတာ လည်းဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။