ယခု နှစ် ၆လအတွင်း KNU နယ်မြေမှာ တိုက်ပွဲ ၂၆၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့ဝင် ၂၂၀၀ကျော်သေဆုံးခဲ့
ဇူလိုင် ၇၊ ၂၀၂၂
ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေတွေမှာ အခုနှစ် ၆ လတာ ကာလအတွင်း တိုက်ပွဲပေါင်း ၂၆၈၆ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်(BGF) တို့ဘက်က ၂၂၀၈ ဦး
သေဆုံးခဲ့တယ်လို့ KNU ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးအသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေ၊ စစ်ကောင်စီလက်ပါးစေ နယ်ခြားစောင့်တပ်(BGF) တပ်တွေအကြား နေစဉ် တိုက်ပွဲဖြစ်ခဲ့တာပါ။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေအနေနဲ့လည်းမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်လျက်ရှိပါတယ်။
၆ လတာ အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ KNLA၊ KNDO တို့ဘက်က ၈၄ဦး ကျဆုံးကာ ၁၇၅ ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ကျေးရွာများအတွင်းရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ဖြင့်ပစ်ခတ်တာတွေနဲ့ အကြောင့်မဲ့ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် အပြစ်မဲ့ပြည်သူ ၇၂ ဦး အသက် သေဆုံးခဲ့ရပြီး ၁၅၅ ဦး တို့ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews