ယခုနှစ် ရက်ပေါင်း ၆၆ရက်အတွင်း အကြမ်းဖက်စစ်တပ်က ပြည်သူလူထုနေအိမ် ၄၅၀၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့

ယခုနှစ် ရက်ပေါင်း ၆၆ရက်အတွင်း အကြမ်းဖက်စစ်တပ်က ပြည်သူလူထုနေအိမ် ၄၅၀၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့
မတ် ၁၀ ၊ ၂၀၂၂

အကြမ်းဖက်စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း နေရာပေါင်း ၁၈၆ နေရာက လူနေအိမ်ခြေ ၆၇၁၉ လုံးထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့ ဖျက်ဆီးခဲ့ကြ တယ်လို့ Data For Myanmar က ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ ယခုနှစ် မတ်လ ၇ရက်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက မီးရှို့ခဲ့လို့ ပျက်စီးသွားတဲ့ လူနေအိမ် စုစုပေါင်း အခြေအနေတွေကို ခန့်မှန်း ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဖျက်ဆီးခံရတဲ့ လူနေအိမ် ၆၇၀၀ ကျော်အနက် အိမ်ခြေ ၄၅၀၀ ကျော်ဟာ ယခုနှစ် ဇန်နဝါရီ ၁ရက်ကနေ မတ်လ ၇ရက်နေ့အထိ ရက်ပေါင်း ၆၆ရက်အတွင်း စစ်ကောင်စီတပ်တွေက ကျေးရွာတွေအများအပြားကို မီးရှို့ဖျက်ဆီးခဲ့လို့ ပျက်စီးခဲ့ရတာဖြစ်ပါတယ်

ဒီအချက်အလက်တွေဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ တိုက်ပွဲသတင်းတွေနဲ့ နေအိမ်မီးရှို့ခံရတဲ့ သတင်းတွေကို စိစစ်ထားတာဖြစ်သလို ဒေသခံ လူအခွင့်အရေးအဖွဲ့တွေနဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက ထုတ်ပြန်တဲ့ စာရင်းတွေကိုလည်း အခြေခံထားတာဖြစ်တယ်လို့ Data For Myanmar က ထုတ်ကြပန်ပါတယ်။ မပြည့်စုံတဲ့ အချက်အလက်တွေကို ချန်ထားခဲ့ရလို့ မြေပြင်မှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့တွေက မီးရှို့တဲ့ အိမ်အရေအတွက်ဟာ အခု ထုတ်ပြန်တဲ့ စာရင်းထက် ပိုများနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

Data For Myanmar ကထုတ်ပြန်တဲ့ စာရင်းတွေအရ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလို့ စစ်ကိုင်းတိုင်းမှာ အိမ်ခြေ ၄၀၀၀ နီးပါး၊ မကွေးတိုင်းမှာ အိမ်ခြေ ၁၁၀၀ ကျော်၊ ချင်းပြည်နယ်မှာ အိမ်ခြေ ၁၁၀၀ ကျော်၊ ကယားပြည်နယ်မှာ အိမ်ခြေ ၃၁၀ကျော်၊ ရှမ်းပြည်နယ်မှာ အိမ်ခြေ ၉၀ကျော်နဲ့ မန္တလေး၊ ပဲခူး၊ တနင်္သလာရီ၊ ကရင်နှင့် ကချင် ဒေသတွေက ပြည်သူလူထုတွေရဲ့ နေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။

ဒီလို မီးရှို့ဖျက်ဆီးတဲ့ လအလိုက် စာရင်းတွေအရ အခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ အများဆုံးမီးရှို့ခံခဲ့ရတာ ဖြစ်ပြီး အဲဒီလတစ်လတည်း အိမ်ခြေ သုံးထောင်နီးပါးကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီတပ်ဟာ ယခုနှစ်ဆန်းပိုင်းကစပြီးတော့ ကျေးရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ ပြည်သလူထူအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးတာတွေ ပိုမိုပြုလုပ်လာတာကိုလည်း တွေ့ရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုတွေကိုဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်ကြီး ၊လေကြောင်း တိုက်ခိုက်မှုတွေကို ပြည်သူလူထု နဲ့ စစ်ရှောင်တွေနေထိုင်ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ တွေလည်း လုပ်ဆောင်လျက်ရှိပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။




Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.