မှော်ဘီက အကြမ်းဖက်စစ်တပ်ရဲ့ လေတပ်ဌာနချုပ်ထဲကို People’s force (Yangon) က ဝင်ရောက်ဗုံးခွဲတိုက်ခိုက်၊ YAK 130 တိုက်လေယာဉ် ၂ စီးပျက်ဆီး
ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၂
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ထဲက အကြမ်းဖက်စစ်တပ်ရဲ့ လေတပ်ဌာနချုပ်ထဲကို People’s force (Yangon) အဖွဲ့က မနေ့ကဝင်ရောက် ဗုံးခွဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာ YAK 130 တိုက်လေယာဉ် ၂ စီးပျက်ဆီးခဲ့ပါတယ်။
People’s force (Yangon) ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ လေတပ်ဌာနချုပ်ကို ယမန်နေ့(ဖေဖေါ်ဝါရီ၁၈ရက်) က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်းနဲ့တိုင်း ရင်းသားဒေသတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ Fighter ဂျက်လေယာဉ်တွေ ထားရှိတဲ့နေရာကို တော်လှန်ရေးရဲဘော်တွေက ဝင်ရောက်ကာလေယာဉ်ကို ဗုံးဆင်ခဲ့ပြီး ည ၁၁နာရီ၄၀မိနစ်တွင် အဝေးမှ အဝေးထိန်းခလုတ်နှိပ်ဖောက်ခွဲခဲ့ခြင်းဖြစ်တယ်လို့ ဒီနေ့မနက်မှာ သတင်းထုတ်ပြန်လိုက်တာပါ။ ထုတ်ပြန်ချက်ထဲ မှာတော့ အဆိုပါ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေတွေကို လူငယ့်ခေတ်မှ စုံစမ်းနေဆဲဖြစ် တယ်လို့ ဆိုထားပါတယ်။
PVTV သတင်းဌာနရဲ့ စုံစမ်းမှုအရတော့ ပျက်ဆီးသွားတဲ့ တိုက်လေယာဉ်နှစ်စီးက YAK 130 တိုက်လေယာဉ်တွေ ဖြစ်ပြီး လေယာဉ်အမှတ် 1802 နဲ့ 1803 တို့ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလေယာဉ်တွေကို အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်က သပြေခတ်နဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေကို လည်း PVTV ကရရှိထားပြီး မင်းအောင်လှိုင်လက်နက်ထိတဲ့ဟာ မှန်သမျှ ပျက်ဆီးရတယ်ဆိုတဲ့ အတိတ်န မိတ်တွေကြောင့် ဒီလိုဖြစ်ရတာဆိုပြီးလည်း လေတပ်အသိုင်းအဝန်းမှာပြောနေကြတယ်လို့ သိရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်