မြ၀တီ-ဝေါ်လေလမ်း တိုက်ပွဲမှာ အထိနာပြီး ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ကို ကော်ဘရာ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်

မြ၀တီ-ဝေါ်လေလမ်း တိုက်ပွဲမှာ အထိနာပြီး ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ကို ကော်ဘရာ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်
◼ အရာရှိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးထိခိုက်ပြီး လက်နက်ကြီး လက်နက်ငယ်ကျည်များစွာ သိမ်းဆည်းရမိ
ဇူလိုင် ၁၄ ၊ ၂၀၂၂

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြ၀တီ – ဝေါ်လေလမ်း သုံးထပ်ကွေ့နဲ့ သရက်တစ်ပင်ကြား တိုက်ပွဲမှာ ကော်ဘရာ စစ်ကြောင်းရဲ့ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာ ထွက်ပြေး ခဲ့ရတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို အသင့်စောင့်နေတဲ့ စစ်သည်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

အဲဒီလို တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က အရာရှိအပါအဝင် သေဆုံးထိခိုက်သူတွေရှိခဲ့သလို လက်နက်ခဲယမ်း၊ကျည်များစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၂ရက်မနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် ထွက်ပြေးတွဲ စစ်ကောင်စီတပ်ရဲ့ ခလရ (၈)နဲ့ ခမရ (၂၀၇) စစ်ကြောင်းတွေကို စစ်နည်းဗျူဟာအရ ကြားဖြတ်စောင့်ဆိုင်းနေသော စစ် သည် တော်တွေက ဇူလိုင်လ (၁၃) ရက်နေ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲဒီ တိုက်ပွဲမှာ ခမရ (၂၀၇) က ယာယီတပ်ရင်းမှူး ဗိုလ်မှူး အ ပါအဝင် အရာရှိ၊ တပ်သား (၈) ဦး သေဆုံး၊ ဒဏ်ရာ ရရှိခဲ့‌ ကြောင်း မြေပြင်သတင်းများအရ သိရပြီး အတည်ပြုနိုင်ဖို့ နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ပွဲ အတွင်း ကော်ဘရာ စစ်သည် (၁) ဦး အသေးစား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

​စစ်ကောင်စီတပ်ထံကနေ ၅.၅၆ ကျည် (၇၀၅) တောင့် ၊MA ကျည်ဘောက် (၄)ခု၊ လက်ပစ်ဗုံး (၃) လုံး၊ (၆၀) မမ ဗုံးသီး (၂) လုံး၊ အမည်မသိကျည်သေး (၁) ခု၊ ဆက်စပ် စစ်အသုံးအဆောင်ပစ္စည်းများ အား သိမ်းဆည်းရမိခဲ့သလို ဒီကနေ့ ဇူလိုင် ၁၄ရက်မှာ နယ်မြေရှင်းလင်းတော့လည်း စစ်ကောင်စီတပ်ထံမှ ‌၅.၅၆ ကျည် (၃၀၀၀) ကျော်၊ လက်ပစ်ဗုံး (၁၃) လုံး၊ ခွင်းဗုံး (၁၄) လုံး၊ နင်းမိုင်း (၁၂) လုံး၊ (၆၀) မမ ဗုံးသီး (၈) လုံး၊ (၆၀)မမ စိန်ပြောင်း (၁) လက်၊ MA ကျည်ဘောက် (၁၁) ခု၊ RPG -7ကျည် (၈)လုံး၊ RPG ယမ်းတောင့် (၉) တောင့်၊ ဆိုလာပြား(၁)ခု၊ NATO ကျည် (၂၆၅) တောင့် နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၂ရက်က တိုက်ပွဲဖြစ်ခဲ့တဲ့ သုံးထပ်ကွေ့နဲ့ သရက်နှစ်ပင်ကျေးရွာ အကြား တိုက်ပွဲ နေရာနဲ့ ဆက်စပ်နေရာတွေကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်တဲ့အခါမှာလည်း ဇူလိုင်(၁၃) ရက်နေ့မှာ ၅.၅၆ ကျည် (၄၀၀) တောင့်၊ MA ကျည်ဘောက် (၃)ခု၊ နင်းမိုင်း (၃) လုံး၊ ဖြိုခွင်းရေး ယမ်းတောင့် (၁) ခု ၊ ဆက်သွယ်ရေးစက် (၁) လုံးနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်း များစွာအား သိမ်းဆည်း ရမိခဲ့ပြီး ဇူလိုင်လ (၁၄) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဆုတ်ခွာထွက်ပြေးသော ဆက်စပ်နေရာများမှ (၆၀) မမ ဗုံးသီး (၉) လုံး၊ RPG ကျည် (၅) လုံး၊ နှင့် စစ်အသုံးအဆောင်ပစ္စည်း အမြောက်အများ ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက အသိပေးထားပါတယ်။

ကော်ဘရာစစ်ကြောင်းအနေဖြင့် ဆုတ်ခွာ ထွက်ပြေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းများအား နယ်မြေရှင်းလင်းရေး ဆက်လက် ဆောင်ရွက်လျက်ရှိပြီး စစ်ကောင်စီ တပ်သားများအနေဖြင့် လက်နက်နဲ့တစ်ကွ ပူးပေါင်းလိုပါက Cobra Column Facebook Page အား ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ကော်ဘရာစစ်ကြောင်းအနေနဲ့ တိုက်ပွဲသတင်းထုတ်ပြန်ရာမှာ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေ အပြင် တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကိုလည်း ဖော်ပြခဲ့ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.