မြောင်မြို့နယ်မှာ ခြေလျင်စစ်ကြောင်းတက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်လို့ ၃ ယောက်သေ
ဇန်နဝါရီ ၃၀ ၊ ၂၀၂၂
မြောင်မြို့နယ်၊ ပေါက်တောကျေးရွာနဲ့ ကျောက်ဖူးကုန်းကျေးရွာကြားထဲကို အကြမ်းစစ်တပ်က ခြေလျင်စစ်ကြောင်းတက်လာတဲ့ အတွက် Myaung Revolution Army (MRA) အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ယောက်သေသွားပါတယ်။
အကြမ်းဖက်စစ်တပ်က ခြေလျင်စစ်ကြောင်းနဲ့ အင်အား ၄၈ ယောက်အပါ တက်လာတာဖြစ်ပြီး တော့ Myaung Revolution Army (MRA) အဖွဲ့က မိုင်းဆွဲတိုက်ခိုက်လို့ ၃ ယောက်သေပြီး ၇ ယောက်ဒဏ်ရာရသွားတယ်လို့ ဆို ထားပါတယ်။ သေသွားတဲ့ ၃ ယောက်ကို ဖွားစောကျေးရွာသုဿန်မှာ မီးသင်္ဂြိုဟ်ပေးလိုက်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။