မြောင်နယ် သနပ်ကုန်းရွာက ကျဆုံးသူ နွေဦးစစ်သည်တော် နှစ်ဦးအတွက် ဈာပနအခမ်းအနား ကျင်းပ

မြောင်နယ် သနပ်ကုန်းရွာက ကျဆုံးသူ နွေဦးစစ်သည်တော် နှစ်ဦးအတွက် ဈာပနအခမ်းအနား ကျင်းပ

ဒီဇင်ဘာ ၂၁၊ ၂၀၂၁

စစ်ကိုင်းတိုင်း မြောင်မြို့နယ် သနပ်ကုန်းကျေးရွာသို့ စစ်ကောင်စီ လက်နက်ကိုင်များ စီးနင်းဝင်ရောက်ချိန် ရပ်ရွာလုံခြုံရေးနဲ့ ပြည်သူ့ အိုးအိမ်စည်းစိမ် ကာကွယ်ရင်း ကျဆုံးခဲ့တဲ့ နွေဦးစစ်သည်တော် ပြည်သူ့ကာကွယ်ရေးရဲဘော် နှစ်ဦးအတွက် ဈာပနအခမ်းအနားကို မနေ့က ဒီဇင်ဘာ(၂၀)ရက်က ကျင်းပခဲ့တယ်လို့ Mandalay Free Press က ဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုမျိုးဝင်အောင် (၃ဝနှစ်)နဲ့ ကိုရန်နိုင်ထွန်း (၃၃နှစ်)တို့က ဒီဇင်ဘာ(၁၂)ရက်က သနပ်ကုန်းရွာသို့ စစ်ကောင်စီ လက်နက်ကိုင်များ စီးနင်းဝင်ရောက်လာချိန် ရပ်ရွာကို ကာကွယ်ရင်း ဖမ်းဆီးခံရပြီး အနီးကပ် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

နွေဦးစစ်သည်တော် နှစ်ဦးအတွက် ဈာပန အခမ်းအနားနဲ့ ကျန်ရစ်တဲ့ မိသားစုဝင်တွေကို ထောက်ပံ့ပေးတဲ့ အခမ်းအနားကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ-CDSOM က ဦးစီး ကျင်းပခဲ့ပြီး အခမ်းအနားကို ဒေသတွင်း တော်လှန်ရေး မဟာမိတ် ညီနောင် အဖွဲ့အစည်းများ၊ ညီနောင်ရဲဘော်များနဲ့ ဒေသခံများ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

“အာဇာနည် အပေါင်းတို့ရေ ကျွန်ုပ်တို့ကို နောက်ဆံမတင်းလေနှင့်။ မပြီးဆုံးသေးသော တိုက်ပွဲအတွက် ကျန်ရှိနေသော သူရဲကောင်း ရဲဘော်များမှ အရေးတော်ပုံ အောင်မြင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်မို့ ယုံကြည်စွာနဲ့ခေါင်းချ နားပါတော့ ။ ခင်များတို့ တာဝန်ကျေသည်ထက် ပိုခဲ့လေပြီ။ အရေးတော်ပုံ အောင်ရမည်” လို့ CDSOM က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ(၈)ရက်ကနေ (၁၁)ရက်နေ့အထိ စစ်ကောင်စီ လက်နက်ကိုင်တွေက မြောင်နယ်အတွင်းက ကျေးရွာများကို ရွာစဉ်ပတ်မွှေကာ ထင်တိုင်းကျဲ သောင်းကြမ်းပြီး ဒေသခံအရပ်တွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် (၁၁)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို နေအိမ်မီးရှိုဖျက်ဆီးခဲ့ပြီး တန်ဘိုးကြီးပစ္စည်း ခိုးယူလုယက်ခြင်းတွေကိုပါ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

#SpringRevolution
#PVTV
#PVTVNews





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.