မြေပြင်မှာ ကြုံနေရတဲ့ ဖြစ်ရပ်တွေကို ပြည်သူကို အသိပေးချင်တဲ့အတွက် ကော်ဘရာစစ်ကြောင်းက ရဲဘော်တွေက ဇာတ်လမ်းတိုရိုက်ကူးထုတ်လွှင့်
ဇူလိုင် ၁၈ ၊ ၂၀၂၂
တော်လှန်ရေး ရဲဘော်တွေ မြေပြင်မှာ ကြုံနေရတဲ့ ဖြစ်ရပ်တွေကို ပြည်သူတွေကို အသိပေးချင်တဲ့စိတ်နဲ့ ရည်ရွယ်ပြီး ကော် ဘရာစစ်ကြောင်းက ရဲဘော်တွေပါဝင်သရုပ်ဆောင်ရိုက်ကူးထားတဲ့ လေဆန် ဆိုတဲ့ဇာတ်လမ်းတိုကို ရိုက်ကူးထုတ် လွှင့်ထား ပါတယ်။
‘ဒီကာလကြီးထဲမှာအနယ်နယ် အရပ်ရပ်က တော်လှန်ရေး ရဲဘော်တစ်ချို့ တကယ် ကြုံနေရတဲ့ ဖြစ်ရပ်လေးတွေနဲ့ ပတ်သက်ပြီးသူတို့ ပေးချင်တဲ့ Message လေးကို ပေးနိင်ဖို့တတ်နိုင်သလောက်သူတို့ကိုယ်တိုင် ကြိုးစားထားကြတာမို့ အားပေးကြပါဦးခင်ဗျာ။’ လို့ Click to Donate က ဖော်ပြထားပါတယ်။
ကော်ဘရာစစ်ကြောင်းကရဲဘော်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ လေဆန်ဆိုတဲ့ ဇာတ်လမ်းတိုကို We Click YouTube Channel မှာ တင်ထားတာဖြစ်တဲ့အတွက် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
၉ မိနစ်ခန့် ကြာမြင့်တဲ့ လေဆန် ဇာတ်လမ်းတိုကို ရှေ့တန်းတစ်နေရာမှာ ရိုက်ကူးထားတာဖြစ်ပြီးတော့ ဖုန်းနဲ့ပဲ ရိုက်ကူးခဲ့ တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဇာတ်လမ်းက ရဲဘော်တစ်ဦးရဲ့ အကြောင်းကို အခြေပြုထားတာဖြစ်ပြီး တော်လှန်ရေးခရီးက လေဆန်ခရီးဖြစ်ပေမယ့် လည်း အောင်ပွဲရတဲ့အထိ တိုက်သွားမှာဖြစ်တယ်ဆိုတဲ့ မက်ဆေ့ကို ပေးထားတာပါ။
နာမည်ကျော် အနုပညာရှင်တွေ မပါဝင်ပေမယ့်လည်း ဇာတ်လမ်းကြည့်ရှုပြီးတဲ့အချိန်မှာ ရင်ကို ထိမှန်တဲ့ ဇာတ်လမ်းဖြစ် တဲ့အတွက်ကြောင့် အောင်ပွဲတွေရပြီး တော်လှန်ရေးရဲဘော်တွေ အိမ်အမြန်ပြန်ရစေဖို့ မှတ်ချက်တွေ ပေးထားကြတာ တွေ့ရပါတယ်။
လေဆန်ဇာတ်ကားကို ကြည့်ရှုရင်း အလှူငွေတွေ ရမှာဖြစ်တဲ့အတွက်ကြောင့်လည်း ဝင်ရောက်ကြည့်ရှုကြဖို့အတွက် တိုက်တွန်းထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။