မြန်မာ့အရေးအတွက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံဆွေးနွေး
ဖေဖော်ဝါရီ ၄ ၊ ၂၀၂၂
မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့အတွက် မြန်မာ့အရေးဆွေးနွေးပွဲပြုလုပ်ခဲ့ရာ မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြ တယ်လို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းယူခဲ့ပြီးတဲ့အချိန်ကစပြီး မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေကို ရင်ဆိုင်ရင်း မိမိတို့ရဲ့ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိရန် ကြိုးပမ်းနေတဲ့ ဖြစ်စဉ်တွေကို ကြားသိရတဲ့ဆိုတာနဲ့ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်ဖို့၊ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးအပ်ဖို့နဲ့ အားလုံးပါဝင်ခွင့်၊ ကိုယ်စားပြုခွင့်ရှိတဲံ ဒီမိုကရေးစီအရေးလှုပ်ရှားမှုကို အားပေးထောက်ခံဖို့အတွက် မြန်မာပြည်သူတွေနဲ့ ဆက်လက်လုပ်ဆောင်သွား မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ အကြပ်အတည်းကို ဖြေရှင်းရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နှိပ်စက်မှုတွေအဆုံးသတ်ရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရေးနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိစေရေးတို့အတွက် စစ်အာဏာရှင်ကိုဖိအားပေးရန် ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုအရေးတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ စစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်တွေအကြောင်းကိုလည်း သိရှိမှတ်သားခဲ့ပြီး တာဝန်ရှိသူတွေကို တာဝန်ခံမှု တာဝန်ယူမှုရှိစေရန် အရေးတကြီးလိုအပ်နေတဲ့အကြောင်းတွေကိုလည်း အလေး ပေးဆွေးနွေးခဲ့တာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။