မြန်မာ့မီးရထားက CDM ဝန်ထမ်းမိသားစုတွေကို လိုင်းခန်းကဖယ်ရှားဖို့ နို့တစ်စာထုတ်
ဖေဖော်ဝါရီ ၃ ၊ ၂၀၂၂
မြန်မာ့မီးရထားက မလွှကုန်းမီးရထားရပ်ကွက်မှာနေထိုင်တဲ့ CDM ဝန်ထမ်းတွေရဲ့ မိသားစုတွေကို လိုင်းန်းပေါ်က တစ်ပတ်အတွင်း ဖယ်ပေးရမယ်ဆိုတဲ့ စာတွေလာကပ်သွားတယ်လို့ သိရပါတယ်။
စာလာကပ်တဲ့ အချိန်ကစပြီးတော့ တစ်ပတ်အတွင်းနေရာက ဖယ်ရှားပေးရမယ်ဆိုပြီးတော့ နို့တစ်စာကပ်ပြီး တာဝန်ရှိတယ်ဆိုတဲ့လူတွေက အောက်မှာလက်မှတ်ဝိုင်းထိုးထားကြတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရက CDM မလုပ်ဘဲ ဝန်ထမ်းတွေကို ဖိနှိပ်နေတဲ့သူတွေကို ရာထူးက ရပ်စဲတယ်ဆို အမိန့်စာထုတ်ထားတဲ့အတွက် တာဝန်ရှိပါတယ်ဆိုတဲ့သူတွေရဲ့ လက်မှတ်က တရားမဝင်လက်မှတ်တွေလို့ ဆိုရ ပါမယ်။
မြန်မာ့မီးရထားက CDM ဝန်ထမ်းတွေကတော့ အဆုံးစွန်ထိ တိုက်ပွဲဝင်ဖို့အတွက် CDM ဆက်လက်လုပ်ဆောင် သွားကြမှာဖြစ်တယ်လို့လည်း ပြောကြားထားကြပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။