မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံကာကွယ် ပြဌာန်းချက်တွေ ပါဝင်တဲ့ NDAA မှာ ကန်သမ္မဘိုင်ဒန် လက်မှတ်ထိုး

မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံကာကွယ် ပြဌာန်းချက်တွေ ပါဝင်တဲ့ NDAA မှာ ကန်သမ္မဘိုင်ဒန် လက်မှတ်ထိုး

ဒီဇင်ဘာ ၂၈၊ ၂၀၂၁

စစ်အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချပြီး မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံကာကွယ်ပေးတဲ့ ပြဌာန်းချက်မှာ ပါဝင်တဲ့ အမေရိကန်အမျိုးသားကာကွယ်ရေးအက်ဥပဒေ(NDAA)ကို
ဒီဇင်ဘာ ၂၇ ရက်မှာ သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးအတည်ပြုလိုက်တယ်လို့ အိမ်ဖြူတော်က ထုတ် ပြန်ကြေညာလိုက်ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စာမျက်နှာ ၅ ခုကျော်ပါဝင်တဲ့ ပြဌာန်းချက်တွေကို ဝါရင့်အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ် ဦးဆောင်ထည့်သွင်းခဲ့ပြီး ဒီဥပဒေမူကြမ်းတစ်ခုလုံးကို အမေရိကန်သမ္မတက ပြင်ဆင်ချက်မရှိဘဲ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ကွန်ဂရက်(လွှတ်တော်)က အတည်ပြုပြီး သမ္မတဘိုင်ဒန်လက်မှတ်ရေးထိုးဖို့ ပေးပို့ခဲ့တဲ့ NDAA မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ဒီဥပဒေ NDAA က အာဏာသိမ်းစစ်ကောင်စီကို တရားဝင်မှုမပေးဖို့ ဖိအားပေးထားတာလဲပါဝင်ပါတယ်။

သမ္မတဘိုင်ဒန်လက်မှတ်ရေးထိုးအတည်ပြုလိုက်တဲ့ NDAA မှာ မြန်မာအာဏာသိမ်းစစ်တပ်ကို ပိုမိုဒဏ်ခတ်အရေးယူရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ဒီမိုကရေစီ အင်အားစုတွေ CDM ဝန်ထမ်းတွေကို ကူညီထောက်ပံ့ရေး၊ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှု လူ့အခွင့်အရေးချိုးဖောက်မှုတွေ တာဝန်ခံမှုရှိစေရေး၊ အမျိုးသားရင်ကြားစေ့ရေးဖြစ်ပေါ် ရေး၊ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရေး စတဲ့ အချက်တွေပါဝင်တယ်လို့ သိရပါတယ်။

တဆက်တည်း NDAA မှာ အမေရိကန်အစိုးရက NUG ကို တရားဝင်အသိအမှတ်ပြုရေးနဲ့ အာဏာသိမ်းစစ်ကောင်စီကို တရားဝင်မှုမပေးဖို့ လုပ်ဆောင်နေမှု ကွန်ဂရက်ကို အစီရင်ခံရှင်းလင်းရမယ့် အချက်များကိုလဲ ထည့်သွင်းထားပါတယ်။

မြန်မာနိုင်ငံအတွက် သီးသန့်ရေးဆွဲထားတဲ့ Burma Act ကို လွှတ်တော်နှစ်ရပ် သဘောတူအတည်ပြုချက်နဲ့ အမေရိကန်သမ္မတလက်မှတ်ရေးထိုးရေးက ပိုမိုအရေးကြီး ကြောင်း ဒီဥပဒေကြမ်းအတည်ပြုရေးစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ U.S Advocacy Coalition for Myanmar က တောင်းဆိုထားပါတယ်။

#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.