မြန်မာ့တော်လှန်ရေးအပေါ် နိုင်ငံတကာအမြင်နဲ့ပတ်သက်ပြီးတော့ ဒေါက်တာဆာဆာဆွေးနွေးဟောပြော
ဇန်နဝါရီ ၂၀ ၊ ၂၀၂၂
မြန်မာ့တော်လှန်ရေးအပေါ် နိုင်ငံတကာအမြင်နဲ့ပတ်သက်ပြီးတော့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာ၊ ပြည် ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ဇန်နဝါရီ ၁၈ ရက်မှာ ဟောပြောမှု ပြုလုပ်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ပြုလုပ်တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ် ချုပ်မှုဖော်ဆောင်ရေး တွေ့ဆုံပွဲမှာ မြန်မာ့တော်လှန်ရေးအပေါ် နိုင်ငံတကာအမြင် ခေါင်းစဉ်နဲ့ ဒေါက်တာဆာဆာက ဟောပြောမှု ပြုလုပ်ခဲ့တာပါ။
အဲဒီဆွေးနွေးပွဲကို ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေးနဲ့ ပြည်သူ့လုံခြုံရေးဆိုင်ရာ ကိုယ်စားလှယ်တွေ၊ ခေါင်းဆောင် တွေနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနဲ့ ပြည်ထဲရေးနဲ့ လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့က တာဝန်ရှိတဲ့ သူတွေ တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာဆာဆာက ပြောပါတယ်။
ဒေါက်တာဆာဆာဟောပြောခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းက ကိုယ်စားလှယ်ပေါင်း ၅၀၀ ကျော်အထိ တက်ရောက်ခဲ့ကြတယ်လို့လည်း သတင်းရရှိပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။