မြန်မာပြည်သူများ၏ ပြည်သူ့ခုခံတော်လှန်စစ် နိုင်ငံအဝှမ်း အရှိန်မြှင့် ဆက်လက်ဖြစ်ပွ

မြန်မာပြည်သူများ၏ ပြည်သူ့ခုခံတော်လှန်စစ် နိုင်ငံအဝှမ်း အရှိန်မြှင့် ဆက်လက်ဖြစ်ပွား
==============================
( ၇.၁၀.၂၀၂၁ ) ထိ တစ်လတာကာလ အနစ်ချုပ်

မြန်မာပြည်သူလူထုသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံတော်သစ် တည်ဆောက်ရန် ပြည်သူ့တော်လှန်ရေး ဆင်နွှဲနေကြသည်။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီသည် မြန်မာပြည်သူများအပေါ် မတရားဖမ်းဆီးသတ်ဖြတ် အကြမ်းဖက်လုပ်ရပ်များကို နေ့စဉ်ကျူးလွန်လုပ်ဆောင်နေရာ၊ ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်မှု ကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံတော်လှန်စစ်ကို မလွှဲသာမရှောင် ဆင်နွှဲနေကြရခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ပြီးချိန်မှစ၍ (၆.၁၀.၂၀၂၁) ထိ ၁လတာအတွင်း
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ဘက်မှ
သေဆုံးသူ- ၁၅၆၂ ဦး အထိကျဆုံးခဲ့ပြီး
ထိခိုက်သူ -၅၅၂ ဦး အထိဒဏ်ရာရရှိခဲ့သည်။
စစ်ရေးပစ်မှတ် ၊ နိင်ငံရေးပစ်မှတ် ၊
စီးပွားရေးပစ်မှတ်များ အားလုံးစုစုပေါင်း
၉၅၃ ခုအထိ ခုခံတော်လှန်စစ်ပြုလုပ်နိုင်ခဲ့ကြောင်း ခိုင်လုံသော သတင်းများအရ သိရှိရသည်။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ်ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အထက်ပါအရေးပေါ်ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း ပြည်သူဘက်သို့ ရဲရဲဝံ့ဝံ့ ရပ်တည်လာကြသည့်စစ်သား CDM နှင့် ရဲ CDM များလည်း နေ့စဉ်များပြားလာနေပါသည်။

မှတ်ချက် ။ ။ မြေပြင်တွင် ယခုတွေ့ရသည့်သတင်းအချက်အလက်များထက် ပို၍ဖြစ်ပွားနိင်ပါသည်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.