မြန်မာပြည်သူတွေအနေနဲ့ အဖိနှိပ်ခံ ယူကရိန်းပြည်သူများနဲ့အတူ ရပ်တည်ကြောင်း ထုတ်ဖော်ပြသကြဖို့အတွက် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB) က တိုက်တွန်းထား
မတ် ၆ ၊ ၂၀၂၂
ယူကရိန်းနိုင်ငံအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို လက်နက်တွေရောင်းချခဲ့တဲ့အပေါ်မှာ မြန်မာပြည်သူတွေအနေ နဲ့ စိတ်မကောင်းဖြစ်ရပေမယ့်လည်း လက်ရှိအချိန်မှာ အဖိနှိပ်ခံ ယူကရိန်းပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ထုတ်ဖော်ပြသဖို့အတွက် မြန်မာပြည်သူတွေကို အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က တိုက်တွန်းလိုက်ပါတယ်။
GSCB ရဲ့ ထုတ်ပြန်ချက်မှာတော့ ပြည်သူတွေက ယူကရိန်းပြည်သားတွေနဲ့အတူ ရပ်တည်ကြောင်း ထုတ်ဖော်ပုံ တွေကို GSCB ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကိုပေးပို့လာပါကပြန်လည်ဖော်ပြပေးသွားမှာဖြစ်တယ်လို့လည်း ဖော်ပြ ထားပါတယ်။
ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံရှိပြည်သူတွေဟာ ဒီမိုကရေစီစနစ်အရ မိမိတို့လွတ်လပ်စွာ ရွေးချယ်ထားတဲ့ အခွင့်အာဏာကို အကြမ်းဖက်စစ်တပ်မှ မတရားသိမ်းယူ ဖိနှိပ်ညှင်းပန်းခံနေရတာ တစ်နှစ်ကျော်လာခဲ့ပြီပဲဖြစ်တယ်။
ဒီတစ်နှစ်ကျော်ကာလအတွင်းမှာ ပြည်သူတွေဟာ တစ်ရက်မှမနားဘဲ အာဏာ ရှင်စနစ်ကို ဆန့်ကျင်ပြီး အကြမ်းဖက်စစ်ကောင်စီကို ဖြုတ်ချဖို့ နေ့စဥ်ရက် ဆက် အာခံတွန်းလှန်နေကြတယ်။ မြန်မာပြည်သူတွေ အာဏာသိမ်းခံရမှု တစ်နှစ်ကျော်ကာလမှာပဲ ရုရှားက ယူကရိန်းအပေါ် စတင်ခဲ့တဲ့ ကျူးကျော်စစ်ဟာ ယူကရိန်းပြည်သူတွေအပေါ်တင်မကဘဲ ဒီမိုကရေစီလိုလားတဲ့ ငြိမ်းချမ်းစွာ နေလိုသူတိုင်းအပေါ်ပါ ကျူးလွန်တဲ့စစ်ဖြစ်ပါတယ်။ အာဏာရှင်တွေဟာ ဒီမိုကရေစီစနစ်ကို ပြောင်ပြောင်တင်းတင်း ထိပါးကာ မထိမဲ့မြင်ပြုလာနေပြီဆိုတာ ဒီလုပ်ရပ်တွေက သက်သေပါပဲ။
မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ဆိုးရဲ့ ဒဏ်ကိုကောင်းကောင်းကြီး ခံစားနေရတဲ့သူတွေဖြစ်တဲ့အ လျောက် အာဏာရှင်တွေဟာ မည်မျှစက်ဆုတ်ရွံရှာစရာကောင်းပြီး ကြောက်ဖို့ကောင်းကြောင်းကို ကမ္ဘာကြီးကို ပြောပြဖို့ အမြဲကြိုးစားနေတဲ့သူတွေပဲ ဖြစ်တယ်။ အာဏာရူးတဲ့ မြန်မာ့အာဏာသိမ်း အကြမ်းဖက်စစ်တပ်ကတော့ အသွင်သဏ္ဍာန်တူစွာ ရုရှားရဲ့လုပ်ရပ်ကို ထောက်ခံကြောင်းပြောဆိုနေပေမယ့် မြန်မာပြည်သူတွေက ရုရှားရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုံ့ချတယ်ဆိုပြီး ဖော်ပြထားပါတယ်။
ဒါအပြင် မြန်မာပြည်သူတွေကို ကိုယ်စားပြုနေတဲ့ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သက်သေပြ ဖြေကြားပေးခဲ့ပြီးပြီလည်း ဖြစ်ပါတယ်။ ရုရှား-ယူကရိန်းအရေးမဖြစ်ခင် ယူကရိန်းနိုင်ငံအနေနဲ့ မြန်မာ့အာဏာသိမ်းစစ်ကောင်စီကို လက်နက်တွေရောင်းချတာအပေါ် မြန်မာပြည်သူတွေ အနေနဲ့ စိတ်မကောင်းဖြစ်ခဲ့ရပေမယ့် အဖိနှိပ်ခံအချင်းချင်း ယူကရိန်းပြည်သူများနှင့် တသားတည်းရပ် တည် တယ်ဆိုတာနဲ့ အာဏာရှင်စနစ်ဆိုးကို ကမ္ဘာပေါ်မှာမရှိအောင် အတူတွန်းလှန်းတိုက်ဖျက်ကြပါမယ်လို့ စကားပါးလိုက်ရပါတယ်ဆိုပြီးဖော်ပြထားပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်